close

အမျိုးသမီး ၁ ဦး ဒဏ်ရာရ

close

April 29, 2022

မန္တလေးတွင် KBZ ATM ဗုံးပေါက်ကွဲ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၁ လမ်း၊ ၈၁ လမ်းနဲ့ ၈၆ လမ်းကြားရှိ ABC စတိုးဆိုင်ရှေ့ရှိ KBZ ATM မှာ ဧပြီ ၂၈ ရက် ည ၈ နာရီဝန်းကျင်က ဗုံးပေါက်ကွဲပြီး  စတိုးဆိုင်မှန်တံခါးပျက်စီးသွားကာ အမျိုးသမီးတဦး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ 

စစ်ကောင်စီအလိုကျ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားတွေရဲ့  ဘဏ်အကောင့်တွေကို ပိတ်တဲ့ KBZ ရဲ့ ATM ကို  ဗုံးနဲ့ပစ်ပြီး ဖောက်ခွဲခဲ့တာလို့  MRRF UG (mandalay)အဖွဲ့က ထုတ်ပြန် ပါတယ်။

ဒီပေါက်ကွဲမှုမှာ အမျိုးသမီးတဦး ဒဏ်ရာရတဲ့အပေါ်မှာလည်း MRRF UG (mandalay) အနေနဲ့ တောင်းပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

8 mins Ago
Up