close

အမျိုးသမီး ၂ ဦး ဒဏ်ရာရ

close

January 29, 2022

ကောလင်းမြို့နယ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ငပွေးကြီးရပ်ကွက်အစွန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကန်လည်ကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်လက်နက်ကျည်ကျရောက်ကာ  သားအမိနှစ်ယောက် ဒဏ်ရာရပြီး နေအိမ်တလုံး ပျက်စီးသွားတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ် (ပကဖ )က ထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီလောက် စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်လိုက်တဲ့ ၆၀ မမ ကျည်  ၂ လုံးဟာ ကောလင်းမြို့အရှေ့ဘက် ကန်လည်ကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်ကျပြီး  ၁ လုံး က ပေါက်ကွဲသွားတာဖြစ်ပါတယ်။

အဆိုပါနေအိမ်အတွင်းမှာရှိတဲ့ သားအမိ နှစ်ယောက်အနက် အမေဖြစ်သူက ခါး၊ နောက်ကျောနဲ့ ညာဘက်ခြေသလုံးကို ထိမှန်ခဲ့သလို သမီးဖြစ်သူက ဆီးခုံကို ထိမှန်သွားပြီး နောက်တစ်လုံးကတော့ မကွဲသေးဘူးလို့ သိရပါတယ်။

ဒဏ်ရာရ အမျိုးသမီးနှစ်ယောက်ကို  ကျေးရွာ ပကဖ အဖွဲ့ဝင်တွေက အချိန်မီဆေးကုသပေးနိုင်ဖို့ မြို့နယ် ပကဖအဖွဲ့နဲ့ချိတ်ဆက်ပို့ဆောင်ပြီး ဆေးကုသပေးမှုကြောင့် အသက်အန္တရာယ် မစိုးရိမ်ရ တော့ဘူးလို့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

7 mins Ago
Up