close

အမျိုးသမီး ၄ ဦးနှင့် အဘိုးအို ၁ ဦး

close

June 14, 2021

ညောင်ဦးမြို့၌ ဆန္ဒပြရန် လူစုနေချိန် အမျိုးသမီး ၄ ဦးနှင့် အဘိုးအို ၁ ဦးကို စစ်တပ်က ဖမ်းဆီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဇွန် ၁၄ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြဖို့ လူစုနေတဲ့အချိန်မှာ အဘိုးအို ၁ ယောက်နဲ့  အမျိုးသမီး ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက  ဖမ်းဆီးသွားပါတယ်။

ညောင်ဦးမြို့အရှေ့ပိုင်းက ရုံးရောင်ပင်ရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး ဆန္ဒပြဖို့ ဒေသခံတွေ လူစုစုချင်းမှာပဲ  လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်လာပြီးတော့ အသက် ၇၀ ကျော် အဘွားအိုတစ်ယောက် အပါအဝင် အမျိုးသမီး ၄ ယောက်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်ဦးမြို့မှာ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဉ် ချီတက် ဆန္ဒပြနေတာဖြစ်ပြီးတော့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ ဒေသခံပြည်သူ အယောက်  ၂၀ ကျော်ခကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

2 mins Ago
Up