စင်ကာပူနိုင်ငံမှာ အမျိုးသားချင်း လိင်တူ ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ရှိတယ်လို့ ဝန်ကြီးချုပ်က ဩဂုတ် ၂၁ ရက်မှာ ပြောပါတယ်။
ဒါဟာ ခေတ်မီတဲ့ ကျွန်းနိုင်ငံလေးမှာ ဂေးတွေရဲ့ ဖြစ်တည်မှုအပေါ်မှာ ပိုပြီး လက်ခံလာတဲ့ သဘောဖြစ်ပါတယ်။
စင်ကာပူမှာ ကိုလိုနီခေတ်ဥပဒေဖြစ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ (က) မှာ အမျိုးသားချင်း လိင် ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာပါ။
ဒါပေမဲ့ ထိမ်းမြားလက်ထပ်ခြင်းနဲ့ သက်ဆိုင်တဲ့ ဥပဒေမှာတော့ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်တာကိုပဲ တရားဝင် ခွင့်ပြုထားမယ်လို့ ဝန်ကြီးချုပ် လီရှောင်လွန်းက ပြောပါတယ်။
ဒါဟာ စင်ကာပူမှာ လူတွေ လက်ခံလာကြတဲ့အတိုင်း အစိုးရက လိုက်ပါ ဆောင်ရွက်သင့်တာကို ဆောင်ရွက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ်က နိုင်ငံတော်အမျိုးသားနေ့ မိန့်ခွန်းမှာ ပြောပါတယ်။