ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အမျိုးသား တစ်ဦး နေအိမ်ရှေ့မှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူမှာ ဒလန်ဆိုပြီး နာမည်ထွက်နေတဲ့ ဦးဝေဆိုသူ သမဝါယအဖွဲ့ဝစ်ဦးဖြစ်ကာ အရင်ကလည်း သူရဲ့ နေအိမ်ကို ဗုံးပစ်ခံထားရဖူးတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“သူ့အိမ်ရှေ့မှာ ဓာတ်ဆီ ဆိုင်ဖွင့်ထားတာလေ။ ဒီကမနက် ၁၀ နာရီသာသာလောက်မှာတော့ ဓာတ်ဆီ လာထည့်တဲ့သူထဲက သေနတ်နဲ့ အနီးကပ် ၃ ချက် ပစ်ခတ်တာခံရပြီး ဆေးရုံရောက်မှ သေသွားတာ။”
ဦးဝေကို သူတို့အဖွဲ့က ပစ်သတ်ခဲ့တာဖြစ်ပြီး နောက်ထပ်ရှင်းလင်းရမယ့် စာရင်းအမြောက်အမြား ကျန်နေသေးတယ်လို့ လှိုင်သာယာ ဒလန်ရှင်းလင်းရေးအဖွဲ့က ပြောပါတယ်။
"ကျနော်တို့ အချိန်ပေးသတင်းယူနေခဲ့တာကြာပါပြီ။ အခုတော့ စာရင်းအားလုံး သေချာပြုစုပြီးပြီ။ အရင်လည်း သတိပေးချက်တွေ ထုတ်တာတို့ ခြောက်လှန့်ဖောက်ခွဲတာတို့ လုပ်ခဲ့ပြီးပြီ။ အခုက စာထုတ် ခြောက်တာလောက်ကို သူတို့က ဂရုတောင်မစိုက်ဘူးဆိုတော့ လက်တွေ့ကျကျပဲ ဖြေရှင်းနည်းကို သုံးလာတာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းပိတ်တာဆီး စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ ခင်ဦးလမ်းဆုံ ဗျူဟာလမ်းက စားသောက်ဆိုင်တခုမှာ ဇူလိုင် ၁၂ ရက် နေ့လယ် ၂ နာရီလောက်က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားသူဟာ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ခင်ဦးလမ်းဆုံ စားသောက်ဆိုင်မှာ စားသောက်နေစဉ် ဆိုင်ကယ်စီးသေနတ်သမားတွေက လာရောက် ပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အပြစ်မဲ့သူကို မထိခိုက်စေရဘူး၊ သူကတော့ စစ်ကောင်စီသတင်းပေး ဒလန် မို့ရှင်းတာလို့ သေနတ်ပစ်ခတ်သူ ဆိုင်ကယ်ကယ်သမားတွေက အော်ပြောသွားတယ်။”
သေဆုံးသွားသူဟာ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာရှာပေးပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းကို ပေးပို့နေတဲ့ နာမည်ကြီးသူတစ်ဦးဖြစ်သလို လောင်းကစားဒိုင်းအဖြစ်လုပ်ကိုင်ပြီး စစ်ကောင်စီ တပ်ဖွဲ့တွေဆီကို ဝင်/ထွက်ကာ ရိက္ခာနဲ့ငွေကြေး ရှာဖွေထောက်ပံ့ပေးနေသူ ဖြစ်တယ်လို့ တု်ပါတယ်။
လတ်တလောအချိန်အထိ အလောင်းလာကောက်တာ မရှိသေးဘူးလို့ သိရပါတယ်။