close

အမျိုးသားဒီမိုကရေစီအ‌ဖွဲ့ချုပ်ရုံး

close

April 26, 2023

သာယာဝတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖျက်ဆီးခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီ အရပ်၀တ်အင်အား ၃၀ ကျော်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ ည ၇  နာရီလောက်မှာ စစ်ကောင်စီရဲ့ မြို့နယ်စည်မံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င်  ဗိုလ်မှူး ကြည်မျိုးလွင်နဲ့ လူအုပ်စုတစုက လာဖျက်ကြတာလို့ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာ၀န်ရှိသူတယောက်က ပြောပါတယ်။  

“ရှေ့ကအလံတိုင်တွေတောင် မချန်ဘူး၊ အကုန်ဖျက်နေကြတာ။ ညနေ ကျနော် သတင်းရချိန်အထိတော့ ရှေ့ပိုင်းတွေ အကုန်ဖြိုချပြီးသွားပြီ၊ ဆက်တော့လုပ်နေတုန်းပဲ။ မီးလည်း ဖျက်ထားတယ်၊ သူတို့က အရင်အကြောင်းကြားတာတို့တောင် မလုပ်ဘူး။ ရုံးကို ပိတ်သိမ်းပါတို့၊ ဆိုင်းဘုတ်ဖြုတ်ပါတို့ ဘာတို့ ဘာတခုမှ အကြောင်းမကြားပါဘူး။ လူမိုက်ဆန်ဆန်၊ လူရမ်းကားဆန်ဆန် လာလုပ်သွားကြတာ။ နောက်ပြီး ဗိုလ်မှူး ဆိုတဲ့သူကပါ ဦးဆောင်ပြီး လုပ်တာဆိုတော့ တော်တော်လေး အံ့ဩမိတယ်။ အရပ်၀တ် လူအုပ်ကတော့၊ ပျူ နဲ့ မဘသတွေ။ သာယာ၀တီမှာက မဘသ အရမ်းအားကောင်းတာ။ ပြီးခဲ့တဲ့ တလလောက်ကလည်း ၀ီရသူ လာတော့ ပွဲအကြီးကြီး လုပ်ပေးကြတာ။" 

သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆရာစံမြို့သစ်၊ လ.၀.က ရုံးဘေးမှာ တည်ရှိပြီး ပျဉ်ထောင် သွပ်မိုး အဆောက်အဦတခု ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ပဲခူးတိုင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖျက်ဆီးခံရတာ ပထမဆုံး ဖြစ်ပါတယ်။

3 mins Ago

October 30, 2021

ကျွန်းလှမြို့နယ် အမျိုးသားဒီမိုကရေစီအ‌ဖွဲ့ချုပ်ရုံး မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်က မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို အောက်တိုဘာ ၂၉ ရက် ည ၁၂ နာရီလောက်က စစ်တပ်လက်ကိုင်တုတ် ရဲတပ်ဖွဲ့နဲ ပျူစောထီးတွေ လာရောက်မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက “ည ၁၂ နာရီလောက် အရပ်ဝတ်တွေရော၊ ရဲယူနီဖောင်းတွေနဲ့ရော လာပြီး မီးရှို့ကြတာ။ မီးရှို့ပြီး သေနတ်တွေ ပစ်ဖောက်နေတော့။ ဘယ်သူမှလည်း မငြှိမ်းရဲဘူး။ မီးသတ်ရုံး ဖုန်းဆက်တယ်၊ မလာဘူး” လို့  ပြောပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် NLD ရုံးတခုလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ်၊ ကျွဲတဲရွာအနီးကို အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီး ရုတ်တရက်ရောက်လာပြီး ၂ စီးက ကျေးရွာအတွင်း သေနတ်နဲ့ပစ်ခတ်ကာ ၁ စီးက တပ်သားတွေ ချသွားတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပေါ်က ပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိပေမဲ့ ဆိုင်ကယ်နှစ်စီး မီးလောင်သွားပြီး ကျွဲအကောင်ရေတော်တော်များများလည်း သေနတ်ထိမှန် ဒဏ်ရာရ သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

1 year Ago
Up