close

အမျိုးသားနေ့

close

February 7, 2023

၇၆ နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အခမ်းအနား SSPP/SSA ကျင်းပ (ဓာတ်ပုံ)

ဖေဖော်ဝါရီ ၇ ရက်နေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်ရှိ  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ထိမ်းချုပ်နယ်မှာ ဒီနေ့ မနက်အစောပိုင်းက ကျင်းပခဲ့ပါတယ်။

PHOTO-SSPPInfo

13 mins Ago

December 2, 2021

ယူအေအီးနိုင်ငံတွင် နှစ် ၅၀ ပြည့် အမျိုးသားနေ့ ကျင်းပ

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့မှာ ဒီဇင်ဘာ ၁ ရက်က သမိုင်းဝင် စည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံတည်ထောင်ခြင်း နှစ် ၅၀ ပြည့် အမျိုးသားနေ့ကို အကြီးအကျယ် ကျင်းပခဲ့ပါတယ်။

ယူအေအီး နှစ် ၅၀ ပြည့် အမျိုးသားနေ့တရားဝင် နိုင်ငံ့အခမ်းအနားကိုတော့ ဒီဇင်ဘာ ၂ ရက်မှာ ဒူဘိုင်းမြို့ ဟာဂျာတောင်ကြားက ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ လူကြိုက်များတဲ့ ဟတ်တာ နယ်မြေမှာ ကျင်းပမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

နှစ် ၅၀ ပြည့် နိုင်ငံ့မွေးနေ့ အခမ်းအနားကို ဧပြီ ၆ ရက်ကနေ စတင်ကျင်းပနေတာဖြစ်ပြီး ၂၀၂၂ မတ်လ ၃၁ ရက်မှာ ပြီးဆုံးမှာပါ။

ဒီကာလဟာ Expo 2020 ကမ္ဘာ့ကုန်စည်ပြပွဲကို ယူအေအီး အစိုးရက တည်ခင်းကျင်းပ နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

1 year Ago
Up