close

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ

close

November 20, 2021

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဖျက်သိမ်း

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီအနေနဲ့  ပါတီဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က တင်ပြလာတဲ့အတွက် ကော်မရှင်ရဲ့ စီမံခန့်ခွဲရေးကော်မတီ  အစည်းအဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၁၆ ရက်ကစပြီး  ပါတီကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

ရန်ကုန်မှာ အခြေစိုက်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ( National Development and Peace Party ) ဟာ  ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် တည်ထောင်ထားတဲ့ ပါတီဖြစ်ပါတယ်။ 

35 seconds Ago
Up