close

အမျိုးသားရိုင်ဖယ်အသင်း

close

May 29, 2022

အမျိုးသားရိုင်ဖယ်အသင်း ထွက်သွားရန် ဟူစတန်မြို့တွင် ဆန္ဒပြ

တက္ကဆက်ပြည်နယ် မူလတန်းကျောင်း ပစ်ခတ်ခံရမှုမှ ဓားစာခံတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ ဟူစတန်မြို့မှာ မေ ၂၇ ရက်က အမျိုးသား ရိုင်ဖယ်အသင်း NRA ရဲ့ နှစ်ပတ်လည်စည်းဝေးပွဲ အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။  

George R. Brown ကွန်ဗင်းရှင်းစင်တာ အပြင်ဘက်မှာ ဆန္ဒပြသူ ၅၀၀ လောက်ဟာ “NRA ထွက်သွား” ၊   ကြွေးကြော်ပြီး တက်ရောက်သူတွေကို လှောင်ပြောင်ခဲ့ကြပါတယ်။

ရီပတ်ဘလီကန် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott နဲ့ ဒုတိယအုပ်ချုပ်ရေးမှူး Dan Patrick တို့ဟာ အခမ်းအနားမှာ လူကိုယ်တိုင် မိန့်ခွန်းပြောကြားခြင်းကနေ နုတ်ထွက်ခဲ့ပါတယ်။  

ကြိုတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ Abbott က တက္ကဆက်ပြည်သူတွေလို၊ အမေရိကန်တွေလို ကျနော်တို့လည်း ဒီမိသားစုတွေနဲ့အတူ ဝမ်းနည်းပူဆွေး ငိုကြွေးနေရပါတယ်လို့ ပြောပါတယ်။

တက္ကဆက်ပြည်နယ် ရီပတ်ဘလီကန်အမတ် Ted Cruz က လူမှုအသိုက်အဝန်း ဘေးကင်းစေဖို့ လက်နက်တွေ လိုအပ်ကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ 

အဖွဲ့ဝင်ငါးသန်းရှိတဲ့ NRA ရဲ့ နှစ် ၁၅၀ ပြည့် အကြီးဆုံးနှစ်ပတ်လည်အစည်းအဝေးကို ဒီသီတင်းပတ်ကုန်မှာ ကျင်းပနေတာပါ။ 

အခုသီတင်းပတ်အတွင်း မေ ၂၄ ရက်က တက္ကဆက်ပြည်နယ် ယူဗာလ်ဒီမြို့ရှိ ကျောင်းတကျောင်းမှာ ကလေး ၁၉ ဦးနဲ့ ဆရာနှစ်ဦးကို AR-15 စတိုင် semi automatic ရိုင်ဖယ် ကိုင်ဆောင်ထားတဲ့ အသက် ၁၈ နှစ် အရွယ် သေနတ်သမားက အသေပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာ ရီပတ်ဘလစ်ကန်အများစု ပါဝင်တဲ့ ကွန်ဂရက်ပါတီဝင်တွေကို အဓိကပံ့ပိုးပေးသူ NRA ကို အာရုံ ပြန်စိုက်လာကြပြီး သေနတ်ကိုင်ဆောင်ရေး လိုလားတဲ့ NRA အသင်းမှာ ဖိအားတွေ ကျရောက်လာခဲ့ပါတယ်။ 

3 hours Ago
Up