close

အမျိုးသားလုံခြုံရေးအေဂျင်စီ

close

June 15, 2021

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ သူလျှိုဟောင်း ထောင်မှပြန်လွတ်

ရုရှားရဲ့ ဆိုင်ဘာဖောက်ထွင်းမှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို အင်တာနက် စာမျက်နှာတခုဆီမှာ ပေါက်ကြားခဲ့တဲ့အတွက် ထောင်ချခံရတဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ NSA ရဲ့ သူလျှိုဟောင်း ဝင်းနား ထောင်ကနေ ပြန်လွတ်လာပြီလို့ သူ့ရှေ့နေက ပြောပါတယ်။

သူဟာ ပုံမှန်လမ်းကြောင်းနဲ့ ပြန်လွတ်လာပြီလို့ သူ့ရှေ့နေ အလီဆင် ဂရင်တာက အတည်ပြု ပြောပါတယ်။

အလွန့်အလွန် လျှို့ဝှက်တဲ့ NSA ရဲ့ သူလျှိုဟောင်း ဝင်းနားဟာ The Intercept လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာဆီကို သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ် ၃ လ စီရင်ချက်ချခံခဲ့ရတာပါ။

သူဟာ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အင်တာနက် စာမျက်နှာဆီ အခွင့်မရှိဘဲ ပေါက်ကြားမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံပြီး အယူခံဝင်အပြီးမှာ ထောင်ဒဏ်ကျခံရတာပါ။

ဝင်းနားအပေါ် ရာဇဝတ်မှုနဲ့ စွဲချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက် မီဒီယာပေါက်ကြားမှု နှိမ်နင်းရေး ပထမဆုံးခြေလှမ်းတွေထဲက တရပ်လို့လည်း ရိုက်တာက ဖော်ပြထားပါတယ်။

6 mins Ago
Up