close

အမျိုးသားလုံခြုံရေး

close

May 15, 2021

ဆိုက်ဘာလုံခြုံရေးဟာ အမျိုးသားလုံခြုံရေးဖြစ်ဟု အမေရိကန်ပြော

  "ဆိုက်ဘာလုံခြုံရေးဟာ အမျိုးသားလုံခြုံရေး" ဖြစ်တယ် လို့ ဆိုက်ဘာကာကွယ်ရေး ဦးစီးချုပ် Paul Nakasone က မေ ၁၄ ရက်မှာ အောက်လွှတ်တော်ကော်မတီရှေ့မှောက် သက်သေခံချက်မှာ ကွန်ဂရက်စ်ကို ပြောကြားခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမားဆုံး လောင်စာပိုက်လိုင်းဖြစ်တဲ့ ကိုလိုနီပိုက်လိုင်းကို ဟက်ကာတွေရဲ့ စံချိန်တင် အနှောင့်အယှက်ပြု တိုက်ခိုက်မှုကြောင့် အချိန်တပတ်ကြာလောက် လောင်စာဆီပြတ်လပ်မှု ဖြစ်ပွားခဲ့အပြီးမှာ ပြောကြားခဲ့တာပါ။

 အက်ဖ်ဘီအိုင်ဆိုက်ဘာစုံထောက်တွေဟာ ယူအက်စ် စွမ်းအင်အခြေခံအဆောက်အဦရဲ့ အစိတ်အပိုင်း အတော်များများကို အားနည်းချည့်နဲ့စေတဲ့ တိုက်ခိုက်မှုကို စုံစမ်းရှာဖွေရာမှာ အီလီနွိုက်စ်နည်းပညာကုမ္ပဏီအပါအဝင် အခြားကုမ္ပဏီသုံးခုကနေ လုံခြုံရေးကျိုးပေါက်တဲ့ အချက်အလက်တွေကို တွေ့နေရတယ်လို့ ဒီကိစ္စအတွက် တာဝန်ပေးထားတဲ့ DarkSide အဖွဲ့က ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ  ဆိုက်ဘာရာဇ၀တ်မှုကျူးလွန်ဖို့  အရေးပါတဲ့ အမေရိကန် အခြေခံ အဆောက်အဦတွေရဲ့ အားနည်းချက်ကို ထင်ရှားစေပါတယ်။

 ကြာသပတေးနေ့ နှောင်းပိုင်းမှာတော့ အရှေ့ဘက်ကမ်းခြေ တလျှောက် စျေးကွက်တွေဆီ ပင်လယ်ကွေ့ကမ်းခြေရှိ သန့်စင်စက်ရုံတွေနဲ့ ချိတ်ဆက်ထားတဲ့ ပိုက်လိုင်းစနစ်တစ်ခုလုံးကို ပြန်လည်စတင်လိုက်ပြီလို့ ကိုလိုနီပိုက်လိုင်းက ကြေညာခဲ့ပါတယ်။ 

ကိုလိုနီပိုက်လိုင်းကတော့ ဟက်ကာတွေ ငွေကြေးဘယ်လောက် ရှာသွားဆိုတာရယ် သူတို့ကို ပေး၊ မပေး စတာတွေကို ဘာမှ ထုတ်ဖော်ပြောကြားတာ မရှိတဲ့အပြင်  ကိုလိုနီ ပိုက်လိုင်းမှာ ရွေးနုတ်ငွေတွေကို ပုံမှန်အားဖြင့် ဖုံးကွယ်ပေးတဲ့ အာမခံအမျိုးအစား ရှိတယ်လို့ ဒီကိစ္စနဲ့ ကျွမ်းဝင်နေသူ ၃ ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

2 hours Ago

June 18, 2020

သမ္မတထရမ့် တရုတ်အကူရရန်ကြိုးပမ်းခဲ့ဟု အမျိုးသားလုံခြုံရေးအကြံပေးဟောင်း၏ စာအုပ်တွင် ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတပြန်အရွေးခံရဖို့အတွက်  တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အကူအညီရယူဖို့ ကြိုးပမ်းခဲ့တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်းရဲ့ စာအုပ်သစ်မှာ ဖော်ပြထားပါတယ်။   ဒါ့အပြင် သမ္မတ ထရမ့်ဟာ အိမ်ဖြူတော်ကို ဘယ်လို ဦးစီးရမလဲဆိုတာကို အံ့သြစရာ ကောင်းလောက်အောင် မသိရှိဘူးလို့လည်း အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်လ်တန်က ပြောဆိုပါတယ်။  “ဇာတ်လမ်းဖြစ်ပျက်ဖြစ်ခဲ့တဲ့ အခန်း “လို့  အမည်ရတဲ့  စာမျက်နှာ ၅၇၇- မျက်နှာပါ   ဘော်လ်တန်ရဲ့စာအုပ်ကို  ဇွန်လ ၂၃ ရက်မှာ စတင်ရောင်းချဖို့ စီစဉ်ထားပါတယ်။   ဒါပေမဲ့လည်း  ထရမ့်အစိုးရက အဲဒီစာအုပ် ရောင်းချ မဖြစ်အောင် တားဆီးနေပါတယ်။  ဇွန်လ ၁၇ ရက် ညကပဲ  အမေရိကန်တရားရေးဌာဟာ စာအုပ်ထုတ်ဝေခွင့်ကို တားမြစ်တဲ့ တရားသူကြီးရဲ့ အရေးပေါ် ညွှန်ကြားချက်ကို ရရှိခဲ့ပါတယ်။  စာအုပ်ထုတ်ဝေသူ ဆိုင်မွန်နှင့်ရှူစတာစာအုပ်တိုက်က အမေရိကန်အစိုးရ တရားစွဲဆိုမှုဟာ  နိုင်ငံရေးအရ လှုံ့ဆော်တဲ့ ပေါ့ပျက်ပျက် လုပ်ဆောင်ချက် ဖြစ်တယ်လို့ ပြောဆိုပါတယ်။  ဂျွန်ဘော်လ်တန်ရဲ့စာအုပ်သစ် သိန်းချီပြီး ကမ္ဘာတဝှမ်းကို ဖြန့်ချိထားတာမို့ တရားရုံး အမိန့်စာဟာ အောင်မြင်မှာ မဟုတ်ဘူးလို့  စာအုပ်တိုက်က ပြောဆိုခဲ့ပါတယ်။  တချိန်တည်းမှာပဲ Fox သတင်းဌာန တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ ထရမ့်က ဘော်လ်တန်ဟာ “ဥပဒေကို ချိုးဖောက်တယ်။ စာအုပ်မှာ လုံခြုံရေးအရ အထူးလျှို့ဝှက်ထားတဲ့ သတင်းတွေ ပါဝင်ပြီး ဘော်လ်တန်ဟာ ခွင့်ပြုချက်ရမထားဘူး”လို့ ပြောဆိုခဲ့ပါတယ်။ 
11 months Ago
Up