close

အမျိုးသား ၁ ဦး သေဆုံး

close

June 7, 2022

မိုးမောက်တွင် မိုင်းနင်းမိသဖြင့် အမျိုးသား ၁ ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ်မှာ ဇွန် ၅ ရက် ညနေပိုင်းက ဟင်းစားရှာသူ အမျိုးသားတဦး မိုင်းနင်းမိပြီး ညာခြေထောက်တဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့နယ် လုံဂျာတောင်ပေါ်ကို မျှစ်ချိုးသွားတဲ ဦးအိုက်ခန့် ဆိုသူဟာ မြေမြှုပ်မိုင်းနင်းမိတဲ့အတွက်  ညာခြေထောက်ဖြတ်လိုက်ရတာလို့ ဆိုပါတယ်။ 

“လုံဂျာတောင်မှာ ဟင်းစားတက်ရှာတာ မျှစ်ချိုးရင်း မိုင်းနင်းမိလို့ ညာဘက် ခြေထောက်ဖြတ်လိုက်ရတယ်။ ဘယ်အဖွဲ့ကထောင်တဲ့ မိုင်းလဲတော့ မပြောတတ်ဘူး။ ခု ဆေးရုံ တင်ထားတယ်” လို့ ဦးအိုက်ခန့် နဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

လုံဂျာကျေးရွာနေ မိုင်းနင်းမိခဲ့တဲ့ ဦးအိုက်ခန့်ကို ဗန်းမော် မ.စ.ရ (၁၁) စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

မံစီမြို့နယ်မှာ ၂၀၂၁  သြဂုတ်လအတွင်းကလည်း ဟင်းစားရှာမျှစ်ချိုးတဲ့ အမျိုးသားတဦးနဲ့ ကျွဲကျောင်းတဲ့ လူငယ်တဦး မိုင်းနင်းမိလို့ သေဆုံးခဲ့ပါသေးတယ်။

54 seconds Ago

September 6, 2020

လားရှိုးမြို့တွင် သေနတ်ဖြင့်ပစ်ခတ်ခံမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရိူးမြို့၊ ၇ ရပ်ကွက် နယ်မြေ ၅ အောင်သပြေလမ်းနဲ့ ရွှေညောင်ပင်လမ်းထောင့်ရှိ အမှတ်-၇ နေအိမ်မှာ စက်တင်ဘာ ၅ ရက်နေ့ ည ၇ နာရီခွဲလောက်က သေနတ်နဲ့ အပစ်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေနတ်နဲ့ အပစ်ခံရသူမှာ အသက် ၆၄ နှစ်အရွယ် ဦးလွေကြူး ဆိုသူ ဖြစ်ပါတယ်။ ဦးလွေကြူးနဲ့ ဇနီးဖြစ်သူတို့ဟာ နေအိမ်ရှေ့ရှိဆိုင်းအတွင်း ထမင်းစားနေချိန်မှာ crown ယာဉ်အဖြူရောင်တစီး ရောက်လာပြီး သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။ သေနတ်ဒဏ်ရာတွေကြောင့် ဦးလွေကြူးဟာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။  လားရှိုးမြို့မရဲစခန်းက တရားခံ ဖမ်းဆီးမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နန်းစံပယ်
2 years Ago
Up