close

အမြင့်ဆုံးစံချိန်

close

August 5, 2021

ထိုင်းတွင်အလုပ်လက်မဲ့နှုန်း မြင့်တက်၊ ၅ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အမြင့်ဆုံးစံချိန် ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ တခြားကဏ္ဍတွေနဲ့ နှိုင်းယှဉ်ရင် အိုင်တီကဏ္ဍကတော့  အလုပ်အကိုင်ခေါ်ယူမှု အမြင့်ဆုံးဖြစ်နေတယ်လို့ အလုပ်အကိုင်ရှာဖွေရေး အွန်လိုင်းပလက် ဖောင်းတခုဖြစ်တဲ့ JobsDB က ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ပထမ ၃ လပတ်အတွင်း ၁ ဒသမ ၉၆ ရာခိုင်နှုန်းနဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အမြင့်ဆုံးစံချိန် ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ဒုတိယနှစ်ဝက်နဲ့ ယှဉ်ရင်တော့ ဒစ်ဂျစ်တယ်အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းတွေမှာရော တခြားအွန်လိုင်းချန် နယ်တွေမှာပါ အလုပ်အကိုင်လိုအပ်မှုတွေ ပြန်လည်မြင့်တက် လာပြီး ၆ ဒသမ ၇ ရာခိုင်နှုန်းလောက် တိုးလာတယ်”လို့ ဒေသတွင်း မန်နေဂျာ ဖွန်လဒါ ဒါထရာဝီ ဘူလ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ပထမ ၆ လပတ်အတွင်း အလုပ်အကိုင်ခေါ်ယူမှုမှာတော့ အိုင်တီကဏ္ဍ က ၉ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍက ၆ ဒသမ ၂ ရာခိုင်နှုန်း၊ လက်လီလက်ကားကဏ္ဍက ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးဝန် ဆောင်မှုကဏ္ဍက ၅ ဒသမ ၄ ရာခိုင်နှုန်းစီ အသီးသီးနဲ့ အစဉ်လိုက် ရပ်တည်နေတာပါ။

လိုအပ်မှုအများဆုံး အလုပ်အကိုင်တွေထဲမှာတော့ အရောင်း၊ ဧည့်ဝန်ဆောင်မှုနဲ့ စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်အကိုင်အုပ်စုက ၁၅ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အမြင့် ဆုံးဖြစ်ပြီး သူ့နောက်မှာတော့ အိုင်တီအလုပ်အကိုင်အုပ်စုက ၁၄ ဒသမ ၈ ရာခိုင်နှုန်း၊ အင် ဂျင်နီယာအလုပ်အကိုင်အုပ်စုက ၁၀ ရာခိုင်နှုန်း၊ ဈေးကွက်နဲ့ လူထုဆက်ဆံရေးဆိုင်ရာ အလုပ်အကိုင်အုပ်စုက ၈ ဒသမ ၆ ရာခိုင်နှုန်းစီ အသီးသီး ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်အကိုင်လိုအပ်ချက်နဲ့ အလုပ်လျှောက်ထားမှု အချိုးမှာတော့ ၁ အ ချိုး ၈၀ ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် အလုပ်အကိုင် ခေါ်ယူမှုမှာ လက်လီ လက်ကားကဏ္ဍက ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လအတွင်း ၂၃ ရာခိုင်နှုန်းလောက် ကျ ဆင်းသွားခဲ့တယ်လို့ ဖွန်လဒါက ပြောပါတယ်။

ဒါ့အပြင် စားသောက်ကုန်၊ အဖျော်ယမကာနဲ့ ကျွေးမွေးဧည့်ခံရေးကဏ္ဍမှာလည်း ၁၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုကဏ္ဍမှာတော့ ၁၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

အိုင်တီ၊ ကုန်သွယ်မှုနဲ့ ဖြန့်ချိရေး၊ တယ်လီကွန်းအလုပ်အကိုင်ကဏ္ဍတွေကတော့ အလုပ်အကိုင်ခေါ်ယူမှုမှာ ၀ ဒသမ ၇ ရာခိုင်နှုန်း၊ ၀ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၁၄ ဒသမ ၃ ရာ ခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့တာပါ။

အလုပ်အကိုင်ရှာဖွေသူတွေကြားမှာတော့ ထုတ်လုပ်ရေးကဏ္ဍက ကြိုက်နှစ်သက်မှု အများဆုံးဖြစ်နေပြီး အဲဒီနောက်မှာတော့ တခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ ဝန် ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်မှု၊ အင်ဂျင်နီယာနဲ့ အိုင်တီအလုပ်အကိုင်တွေရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ချင်တဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ဩစတြေးလျ၊ ဂျပန်နဲ့ စင်ကာပူနိုင်ငံတွေက ရေပန်းအစားဆုံးနိုင်ငံတွေဖြစ်နေပြီး မီဒီယာ၊ အိုင်တီ၊ ဒစ်ဂျစ်တယ်သိပ္ပံ၊ အင်ဂျင်နီယာ အလုပ်အကိုင်တွေနဲ့ သွားရောက်လုပ်ကိုင်လိုကြတယ်လို့ ဆိုပါတယ်။

4 weeks Ago
Up