close

အမြင့်ဆုံးတက်

close

January 20, 2023

နှစ် ၄၀ အတွင်း ဗြိတိန်၌ အစားအသောက်ဈေးနှုန်း အမြင့်ဆုံးတက်

ဗြိတိန်နိုင်ငံက လက်ရှိအစားအသောက်ဈေးနှုန်းတွေဟာ နှစ်ပေါင်း ၄၀ ကြာ စီးပွားရေး သက်တမ်းအတွင်း ကြုံဖူးသမျှထဲမှာ အမြင့်ဆုံးဖြစ်တယ်လို့ လက်ကားရောင်းချသူတဦးက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ 

ယူကရိန်းစစ်ပွဲကနေ ရာသီဥတုပြောင်းလဲမှုအထိ အမျိုးမျိုးသော ပြဿနာတွေက ဒီအစားအသောက် ဈေးနှုန်းပေါ်မှာ သက်ရောက်နေတယ်လို့ ခရိစ်တ် အစားအသောက်ဝန်ဆောင်မှု လစ်မစ်တက်ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဖိလစ်ပ် ဒီတာနန့်က ဘီဘီစီသတင်းဌာနကို မှတ်ချက်ပေးပါတယ်။ 

သူ့ရဲ့ အစားအသောက်လုပ်ငန်းနဲ့ လက်ကားရောင်းချတဲ့ လုပ်ငန်း အနှစ် ၄၀ သက်တမ်းအတွင်း ဒီလောက်အထိ ဈေးတွေ မြင့်တက်လာတာမျိုး မတွေ့ဖူးဘူးလို့ ဆိုပါတယ်။ 

အထူးသဖြင့် အစားအသောက်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ဈေးတက်နေတဲ့ကာလက အတော်ကို ကြာနေပါပြီလို့ ချယ်လ်တင်ဟမ်မြို့မှာရှိတဲ့ သူရဲ့ကုန်သိုလှောင်ရုံနေရာမှာ ဒီတာနန့်က ပြောခဲ့တာပါ။

နှစ်စဉ် စားသုံးသူဆိုင်ရာ ဈေးနှုန်းဖောင်းပွမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဒီဇင်ဘာလထဲမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းအထိ  နည်းနည်း ကျဆင်းသွားတယ်လို့ ဗြိတိန်နိုင်ငံရဲ့ အမျိုးသားစာရင်းအင်းရုံးက ဇန်နဝါရီ ၁၈ မှာ ပြောပါတယ်။ 

ဒါဟာ ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းထဲက စီပွားရေးပညာရှင်တွေရဲ့ ခန့်မှန်းချက်အတိုင်း ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်နဲ့ အရက်မဟုတ်တဲ့ အဖျော်ယမကာတွေရဲ့ ဈေးနှုန်းကတော့ ပြီးခဲ့တဲ့နှစ်ကထက် ၁၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာခဲ့ပြီး ကြက်ဥ၊ နွားနို့နဲ့ ဒိန်ခဲ တွေကတော့ ၁၉၇၇ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း အသိသာဆုံး ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

11 mins Ago
Up