close

အမြင်ချို့တဲ့

close

November 21, 2022

ရခိုင်ဝန်ကြီးချုပ် ဦးညီပု မျက်စိတိမ်စွဲပြီးအမြင်ချို့တဲ့လာသဖြင့် ဆေးကုသရန်လိုဟု မိသားစုပြော

စစ်ကောင်စီက ဖမ်းဆီး ထောင်ချထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ဘယ်ဘက်မျက်စိ တိမ်စွဲနေတာကြောင့် အမြင်အာရုံ ချို့တဲ့လာတာကြောင့် ဆေးကုသမှုခံဖို့ လိုနေတယ်လို့ မိသားစုဝင် တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဟာ တာဝန်ထမ်းဆောင်နေကတည်းက မျက်စိ တိမ်စွဲစ ပြုနေတာဖြစ်ပြီး  အခုပိုဆိုးလာတာကြောင့် မျက်စိမမြင်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဝန်ကြီးချုပ်ဟောင်းရဲ့ သမီး မကြည်ကြည်ဦးက ပြောပါတယ်။

"အဖေက ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေကတည်းက ဘယ်ဘက်မျက်စိ တိမ်ပေါ်နေတာ။ အခုက အထဲမှာဆိုတော့ အဲဒီရောဂါက ပိုဆိုးလာပြီး မျက်စိ မမြင်ရတော့ဘူးလို့ ကြားတယ်။ ထောင်က ဆေးတွေ သောက်နေရတယ်တော့ ကြားတယ်။ ကျမတို့လည်း အဝေးကဆိုတော့ တွေ့ခွင့် မရကြဘူး။ ကျန်းမာရေးမကောင်းလို့ ဆေးကုသခွင့်တွေတော့ ပေးစေချင်တယ်။"

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံရပြီး နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅-ကနဲ့ ထောင် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၃ မှုအတွက် ထောင် ၉ နှစ်နဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို ချိုးဖောက်မှု ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ ထောင် ၂ နှစ် ချမှတ်ခံခဲ့ရတာပါ။

9 mins Ago
Up