close

အမြန်နှုန်း

close

December 6, 2022

ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေ၏ အမြန်နှုန်းကို သတိထားရန် အင်္ဂလန်ကိုတိုက်တွန်း

အင်္ဂလန်အသင်းအနေနဲ့ ပြင်သစ်အသင်းတို့တွေ့ဆုံမယ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး အမ်ဘာပေရဲ့ အမြန်နူန်းကို သတိထားဖို့လိုလိုတယ်လို့ ပိုလန် နောက်ခံလူ ကတ်ရှ်ကပြောပါတယ်။

အက်စတွန်ဗီလာနောက်ခံလူဟာ ပြင်သစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အမ်ဘာပေကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ရတာပါ။

တစ်ဦးချင်းအခြေအနေမှာ အမ်ဘာပေကို ထိန်းနိုင်တယ်လို့ဆိုနိုင်ပေမယ့် အမ်ဘာပေရဲ့ အဝေးကန်ချက်တွေကိုတော့ ထိန်းနိုင်စွမ်းမရှိခဲ့ဘဲ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာပါ။

အမ်ဘာပေဟာ မြင်တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ အလျင်မြန်ဆုံးကစားသမားဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း၊ ပြင်သစ်အသင်းဟာ တောင်ပံတွေကို ဘောလုံးပေးပို့ပြီး တိုက်စစ်ဆင်တက်ကြောင်း ကတ်ရှ်ကပြောပါတယ်။

အမ်ဘာပေရဲ့ အမြန်နှုန်းကို တားဆီးဖို့ လိုအပ်ပေမယ့် အင်္ဂလန်နောက်ခံလူ ဝေါ်ကာဟာလည်း အမ်ဘာပေလောက် လျင်မြန်သူဖြစ်ကြောင်း၊ ဝေါ်ကာက အတွေ့အကြုံရှိသူဖြစ်လို့ ဘယ်လို တားဆီးရမလဲဆိုတာ သူကပိုသိနိုင်ကြောင်း ပိုလန်နောက်ခံလူကတ်ရှ်က ပြောသွားခဲ့ပါတယ်။ 

5 mins Ago
Up