close

အမြန်ယာဉ်စက်လှေ

close

June 29, 2021

ကိုဗစ်ကူးစက်မှုကြောင့် ခန္တီး-ဟုမ္မလင်း အမြန်ယာဉ်စက်လှေများ ယာယီရပ်နား

စစ်ကိုင်းတိုင်း ခန္တီး-ဟုမ္မလင်း ပြေးဆွဲနေတဲ့ မြန်ယာဉ်တွေ ဇွန် ၂၉ ရက်နေ့စပြီး ယာယီရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

“အခုက ကျနော်တို့ မော်တော်တွေ ဒီနေ့စပြီး ပြေးဆွဲမှုရပ်နားလိုက်တယ်။ ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်မှု များလာတဲ့အတွက် ခန္တီးခရိုင် ရေယာဉ်ကြီးကြပ်ရေး ရစကနေ ရပ်ခိုင်းတယ်” လို့ ခန္တီး ဟုမ္မလင်းပြေးနေတဲ့ စက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်မှုအများအတွက် ခန္တီးမြို့ကို ကူးစက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်အနေနဲ့ စက်လှေတွေပိတ်လိုက်တယ်လို့ စက်ပိုင်တစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ဇွန် ၂၉ ရက်နေ့အထိ  ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

12 hours Ago
Up