close

အမြောက် စမ်းသပ်ထုတ်လုပ်

close

February 5, 2022

ယင်းမာပင်မြို့နယ်၌ PDFက အ​မြောက်လက်နက်စမ်းသပ်ထုတ်လုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ​​PDF အဖွဲ့တစ်ခုက​ ၂ မိုင်ဝန်းကျင်​လောက်ထိ ပစ်ခတ်နိုင်တဲ့  အ​မြောက်နက်လက်တစ်မျိုးကို ​အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ​အ​မြောက်ပစ်လက်နက်ကြီးကို ယင်းမာပင်မြို့နယ်အ​ခြေစိုက် ​ပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်တဲ့ ဗိုလ်သူရိန် PDF အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ၂ မိုင်ဝန်းကျင်ခန့်ထိ​​ရောက်​အောင် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ PDF ​ခေါင်း​ဆောင် ဗိုလ်သူရိန် က​ပြောပါတယ်။

အခုလို လက်နက်ကြီး ပြုလုပ်ရတဲ့ရည်ရွယ်ချက်က​တော့ စစ်​ကောင်စီတပ်ဖွဲ့နဲ့ရင်ဆိုင်ရာမှာ လက်နက်အင်အား မမျှတတာ​ကြောင့် ဖြစ်သလို လက်ရှိအသုံးပြု​နေတဲ့ တူမီး၊ ခွန်ထိုး​လောက်နဲ့ အဆင်မ​ပြေနိုင်တာ​ကြောင့် အခုလို တီထွင်ပြုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် PDF ရဲ​ဘော်အများစုဟာလည်း လက်နက်ပြည့်စုံမှုမရှိ​သေးတာ​ကြောင့် ပြောက်ကျားစနစ်နဲ့ စစ်​ကောင်စီကို တိုက်ခိုက်​နေရတာဖြစ်သလို လက်နက်ကြီးအသုံးပြု တိုက်ခိုက်တာဟာ အ​ဝေးက​နေ ပစ်ခတ်ရတာ​ကြောင့် ရဲ​ဘော်​တွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရမှု နည်းနိုင်ပြီး စစ်​ကောင်စီဘက်က သူတို့ရဲ့​ခေတ်မီကိရိယာ​​​တွေ အသုံးပြုပြီး PDF အဖွဲ့ကို တိုက်ခိုက်ရင်​တောင် လက်နက်ကြီးအနီးမှာ PDF ရဲ​ဘော်​တွေ ရှိမ​နေတာ​ကြောင့် လို့ဆိုပါတယ်။

အခုပြုလုပ်​အောင်မြင်ခဲ့တဲ့ အ​မြောက်ပစ်လက်နက်ကြီးဟာ ​​​ရှော့တိုက်နည်းနဲ့ ပစ်ခတ်မှု လုပ်​ဆောင်တာဖြစ်ပြီး ကုန်ကျစရိတ်ဟာ ၆ သိန်းကျင်ခန့်ရှိကာ ကုန်ကြမ်းပစ္စည်းပြည့်စုံရင် လက်နက်ပြုလုပ်ချိန်  ၂ ရက်​လောက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။ ​

30 seconds Ago
Up