close

အမြွှာညီအစ်ကို

close

January 3, 2023

စစ်ကိုင်းတွင် နေအိမ် ၁ လုံး မီးလောင်ပြီး အမြွှာညီအစ်ကို ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ၃ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းက နေအိမ်တလုံး မီးလောင်မှုကြောင့် အမြွှာညီအစ်ကိုနှစ်ဦး သေဆုံးသွားတယ်လို့ အိုးဘို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

ဒီနေ့မနက် ၁ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်အပေါ်ထပ်မှာ ပိတ်မိနေတဲ့ အသက် ၄၀ ဝန်းကျင် အမြွှာညီအစ်ကို အမျိုးသားနှစ်ယောက် မီးလောင်သေဆုံးခဲ့တာပါ။

ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “မနက် ၁ နာရီလောက်မှာ လောင်တာပါ။ နှစ်ထပ်အိမ်ပါ။ အောက်ထပ်ကလူတွေ လွတ်ပါတယ်။ အပေါ်ထပ်က အမြွှာညီအစ်ကိုနှစ်ဦး သေဆုံးတာပါ” လို့ ပြောပါတယ်။

မီးလောင်မှုကို စစ်ကိုင်းမြို့နယ်မီးသတ်တပ်ဖွဲ့က ယာဥ် ၆ စီးနဲ့ ငြှိမ်းသတ်ရာ မနက် ၅ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသားနှစ်ယောက်ကို သုခကာရီ လူမှုကူညီရေးကားနဲ့ စစ်ကိုင်းဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ဘာကြောင့်လောင်ကျွမ်းတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ 

14 mins Ago
Up