close

အမှတ် (၁၄) ယာဉ်ထိန်းရဲရုံး

close

April 12, 2022

မန္တလေး အမှတ် (၁၄) ယာဉ်ထိန်းရဲရုံး ဗုံးပစ်ခံရပြီး ယာဉ်ထိန်းရဲ ၂ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၉၀ နဲ့  လမ်း ၃၀ ရှိ အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးကို ဧပြီ ၁၂ ရက် ည ၈ နာရီလောက်က  ဗုံးပစ်ခံရလို့ ယာဉ်ထိန်းရဲ ၂ ယောက်  ဒဏ်ရာရသွားပါတယ်။

ဗုံးထိမှန်တာကြောင့် ယာဉ်ထိန်း ဒုရဲအုပ် သက်ထွန်းနောင် မှာ ဘယ်ခြေသလုံးဖောက်ဝင် ဒဏ်ရာ၊ တပ်​သား ဇော်ခန့်ဝေမှာ ညာရင်ဘတ်ရှပ်ထိ ဒဏ်ရာ တို့ရရှိခဲ့တယ်လို့  အနီးနားက ဒေသခံတွေထံက သိရပါတယ်။

“ဗုံးပစ်ခံရပြီး မကြာဘူး ။ စစ်ကား Faw ကား နှစ်စီးရောက်လာတယ်။ ယာဉ်ထိန်း နှစ်ယောက်အပြင် အမျိုးသမီးတယောက်လည်း  ဒဏ်ရာရတယ်ကြားတယ်။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က ပြောပါတယ်။

မန္တလေးမြို့မှာ ယာဉ်ထိန်းတွေဟာလည်း  လက်နက်ကိုင် စစ်တပ်၊ ရဲတွေနဲ့  ပူးပေါင်းပြီး နေရာအနှံ့ စစ်ဆေးရာမှာ ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။

44 seconds Ago
Up