close

အမှတ် ၂၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ

close

February 1, 2022

ယင်းမာပင်မြို့နယ် အမှတ် ၂၈ လုံခြုံ​ရေးရဲတပ်ဖွဲ့ခွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၂၈ လုံခြုံ​ရေးရဲတပ်ဖွဲ့ခွဲ ​ဖေ​ဖော်ဝါရီ ၁ ရက် မနက် ၂ နာရီ​လောက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပစ်ခတ်သံတွေကြောင့် ရဲတပ်ရင်းပတ်ဝန်းကျင်အနီးမှာရှိတဲ့ ​ကျေးရွာ​နေပြည်သူတွေဟာ ​ကြောက်လန့်ပြီး ​နေအိမ်​တွေမှာမ​နေရဲကြဘဲ ညတွင်းချင်းထွက်​ပြေးခဲ့ကြရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ 

ပစ်ခတ်တိုက်ခိုက်မှုကြာချိန်ဟာ  ၁ နာရီဝန်းကျင်ခန့်ထိကြာခဲ့ပြီး အချိန်ခြားပ စ်ခတ်​​နေကြသလို PDF အဖွဲ့တွေက အ​ဝေးက​နေပစ်ခတ်တ ာဖြစ်နိုင်​ကြောင်း၊ ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေဟာ ရဲတပ်ရင်းအနောက်ဘက် လယ်ကွက်တွေအတွင်းသာ ကျ​ရောက်​ပေါက်ကွဲခဲ့တယ်လို့ သိရပြီး ထိခိုက်မှုတစ်စုံတရာမရှိဘူးလို့ ကြားသိရ​ကြောင်း ​ဒေသခံ​တွေက​ ပြောပါတယ်။

နှစ်ဘက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာရှိပြီး မနက်မိုးလင်းပိုင်းမှာ​တော့ ရဲတပ်ရင်းအတွင်းမှာရှိတဲ့ စစ်​ကောင်စီတပ်သားတွေဟာ တပ်ရင်းအတွင်းနဲ့ အပြင်​တွေပါထွက်ပြီး ​သေနတ်ပစ်​ဖောက်တာတွေ လုပ်​ဆောင်ခဲ့ကြ​သေးတယ်လို့လည်း ဆိုပါတယ်။

အခုလိုတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်​တယ်ဆိုတာ မသိရ​သေးသလို ထုတ်​ပြန်​ကြေတားလည်း မရှိ​သေးပါဘူး။

2 mins Ago
Up