close

အမှတ် ၃၀

close

September 30, 2021

မန္တလေး အမှတ် ၃၀ အထက်တန်းကျောင်း ဗုံးပစ်ခံရ

မန္တလေးမြို့၊ ချမ်းသာစည်မြို့နယ် ၆၄ လမ်း၊ ၁၀၈ လမ်းနဲ့ ၁၀၉ လမ်းကြားက အမှတ်  ၃၀  အထက်တန်းကျောင်းကို စက်တင်ဘာ ၃၀ ရက် နေ့လယ် ၃ နာရီလောက်က ဗုံးနဲ့ ပစ်ခံရပါတယ်။

ဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက်က ဗုံးနဲ့ လာရောက်ပစ်သွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။

“အရင်နေ့တွေတုန်းကတော့ မနက်ပိုင်းမှာ ကျောင်းထဲ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာတွေရှိတယ်။ အခုရက်ပိုင်းတော့ မမြင်မိဘူး။ လူထိခိုက်စေချင်ရင်တော့ လူရှိတဲ့အချိန်ပစ်မှာ အခုဟာက လူမရှိတဲ့အချိန် ပစ်သွားတာ။” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်ကို စစ်ဆေးတာနဲ့ ပိတ်ဆို့ စစ်ဆေးခဲ့တာလို့ သိရပါတယ်။

7 hours Ago
Up