close

အမှတ် ၇ ရဲစခန်း

close

September 3, 2022

မန္တလေးမြို့ အမှတ် ၇ ရဲစခန်းအနီး မပေါက်ကွဲသေးသည့် ဗုံးတလုံး တွေ့ရှိ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၉၁ လမ်း၊ ၃၅ လမ်း ၃၆ လမ်းကြား၊ အမှတ်(၇) နယ်မြေ ရဲစခန်းနားမှာ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံး တလုံးတွေ့ ရှိခဲ့တယ်လို့ ရဲစခန်းနားနေ ဒေသခံတွေက ပြောပါတယ်။

ဗုံးတွေ့အပြီးမှာ ၃၅ လမ်း နဲ့ ၉၁ လမ်းထောင့်မှာ စစ်ကောင်စီတပ်သားတွေနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေ ရောက်လာပြီး စိန်ပန်းရပ်ကွက် အဝင်အထွက်ပိတ်ကာ သွားလာနေသူတွေကို လှည့်ပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

စိန်ပန်းရပ်နေသူတဦးက “အစက တအိမ်ဝင် တအိမ်ထွက် စစ်မယ်ထင်နေတာ။ လမ်းကို အဝင်အထွက် အကုန်လိုက်ပိတ်တော့ ဘာဖြစ်တာလဲ မသိဘူးပေါ့။ ပြီးတော့မှ ဗုံးတွေ့လို့ဆိုတာ သိရတယ်” လို့ ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ လက်ပစ်ဗုံးကို စစ်ကောင်စီတပ်က အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

2 mins Ago
Up