close

အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်

close

November 22, 2021

ပုသိမ် နတခစစ်ဌာနချုပ် အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်တွင်း ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ရှိ  အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်ထဲမှာ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သရက်ကုန်းကျေးရွာမှာရှိတဲ့ နတခစစ်ဌာချုပ်ထဲမှာရှိတဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းဝင်းထဲက ဒီနေ့ မနက် ၉ နာရီ ၄၅ လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အသံကိုကြားရပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေတွေ ကို သေချာမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အသံက တော်တော်ကျယ်တယ်လို့ ပြောရမယ်။ ပိုထူးဆန်းတာက တပ်ထဲကဖြစ်နေတာ။ အထဲကလူတွေ ပြောတာတော့ စက်ယန္တရားတစ်ခုပေါက်တာလို့ပြောတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံတွေကို စစ်တပ်ဌာနချုပ်အဝင်းထဲ ဝင်ရောက်သွားလာခွင့်ကို ပိတ်လိုက်ပြီး လာသမျှ လူတွေနဲ့ ယာဉ်တွေကို ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

မနက်ပိုင်းက ပေါက်ကွဲမှုဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ထဲက လက်နက်တွေသိုလှောင်ထားတဲ့ ဗဟိုကင်း လက်နက်တိုက်ထဲမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ စစ်တပ်အသိုင်းဝိုင်းက သိရပါတယ်။

1 min Ago
Up