close

အမှိုက်ကောက်ခိုင်းနေ

close

December 31, 2021

ဧရာဝတီတိုင်းတွင် ပြည်သူများကို စစ်ကောင်စီက အမှိုက်ကောက်ခိုင်းနေ

ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီက  ဒီဇင်ဘာလ တတိယပတ်ကစတင်ကာ ပြည်သူတွေကို မဖြစ်မနေ အမှိုက်ကောက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။ 

မအူပင်မြို့နယ်နဲ့  ကျောင်းကုန်းမြို့နယ်က ပြည်သူတွေကို တအိမ် ၁ ယောက် မဖြစ်မနေအမှိုက်ကောက်ခိုင်းတာတွေကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို ကြီးကြပ်ခိုင်းစေနေတာလို့ဆိုပါတယ်။

ဒေသခံတဦးက “အစကပြောတာ ကိုယ့်အိမ်ရှေ့ ကိုယ်ရှင်းခိုင်းတာ။ အဲ့ကနေ ဘုန်းကြီးကျောင်းကို သွားရမယ်ဆိုပြီး ခေါ်ပြီး လမ်းတလျှောက် အမှိုက်ကောက်ခိုင်းတာ။ နောက်ကနေ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးက လိုက်ကြည့်တာ”လို့ ပြောပါတယ်။

ပြည်သူတွေကို တအိမ် ၁ ယောက်ထွက်ခိုင်းပြီး အမှိုက်ကောက်ခိုင်းချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက နောက်ကလိုက်ပြီး ကြည့်ကာ ဆဲဆိုကြိမ်းမောင်းတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးကောင်စီတွေကို ဖွဲ့စည်းခဲ့ပြီး အမှိုက်သန့်ရှင်းတဲ့မြို့အဖြစ် ရွေးချယ်ဖို့အတွက် စီစဉ်နေတာလို့ ပုသိမ်မြို့နယ် စစ်ကောင်စီက  သတင်းထုတ်ပြန်ထားပါတယ်။

2 mins Ago
Up