ပထမဆုံး အမှိုက်ကောက်အားကစားပြိုင်ပွဲ (SpoGomi) ကမ္ဘာ့ဖလားကို ၂၀၂၃ ခု နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာတဝန်းက လာရောက်ယှဉ်ပြိုင်မယ့် အသင်းတွေနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လမ်းတွေမှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
ကမ္ဘာအနှံ့က သမုဒ္ဒရာတွေမှာ အမှိုက်တွေ အရမ်းများလာတာကြောင့် အမှိုက်တွေကို သမုဒ္ဒရာထဲ မရောက်ခင် ကောက်တာက အဓိကကျတယ်လို့ အမှိုက်ကောက်အားကစား ကမ္ဘာ့ဖလားကို ပထမဦးဆုံး စတင်ကြီးကြပ်မယ့် တာကာယာဆုအူဒါဂါဝါက ပြောပါတယ်။
အမှိုက်ကောက်အားကစားမှာ အသင်း တသင်းကို ကစားသမား သုံးယောက် ပါဝင်မှာဖြစ်ပြီး မီးရှို့ရမယ့် အမှိုက်အမျိုးအစား၊ ပြန်လည်သုံးလို့ရတဲ့ ပလတ်စတစ်နဲ့ သတ္တုသံဘူး အစရှိတဲ့ အမှိုက်တွေကို အရောင်ခွဲခြားထားတဲ့ အိတ်တွေနဲ့ မိနစ် ၆၀ အတွင်း စုဆောင်းရမှာဖြစ်သလို အမှိုက်အများဆုံး ရရှိတဲ့ အသင်းက အနိုင်ရရှိမှာပါ။
စီးကရက်ဖင်စီခံအမှိုက်က အမှတ်အများဆုံးရမှာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းကတော့ အသိအမှတ်ပြု လက်မှတ် ဒါမှမဟုတ် စပွန်ဆာကပေးတဲ့ ဆုကို လက်ခံရရှိမှာဖြစ်ပါတယ်။
၁၉၉၈ ခု ပြင်သစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပြီးမှာ ဂျပန်ပရိသတ်တွေအနေနဲ့ အမှိုက် ကောက်ပြီးမှ ပြန်ခဲ့တာကြောင့် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရသလို ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အမှိုက်ကောက်ပြန်တဲ့ ဂျပန်လူမျိုးတွေက ကမ္ဘာ့မီဒီယာတွေက ဂုဏ်ပြုရေးသား ဖော်ပြခဲ့ကြပါတယ်။
ဂျပန်မှာတော့ ၂၀၀၈ ခုနှစ်ကတည်းက ဒေသတွင်း အမှိုက်ကောက် အားကစားပြိုင်ပွဲတွေကို ကျင်းပ နေတာလို့ သိရပါတယ်။