close

အမှိုက်ကောက်

close

March 8, 2022

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စစ်တွေတွင် လူငယ်များစုပေါင်း အမှိုက်ကောက်(ဓာတ်ပုံ)

မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံက လူငယ်တွေ စုပေါင်းပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အမှိုက်ကောက် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါလှုပ်ရှားမှုကို အမျိုးသမီးကွန်ရက် (ရခိုင်ပြည်နယ်-WNRS)၊ လူငယ်ကွန်ရက်(ရခိုင်ပြည်နယ်-YNRS)နဲ့  လူမှုဘဝဖွံ့ဖြိုးရေးအဖွဲ့(CDC)တို့ ပူးပေါင်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ မူဆလင်၊ ဟိန္ဒူ၊ ကမန်၊ မာရာမာကြီး၊ ရခိုင်စတဲ့ လူဦးရေ ၈၀ လောက် ပါဝင်ခဲ့ကြကာ ဘီလူးမတံတားအနီးမြို့လယ် ချောင်းတစ်လျှောက် အမှိုက်ကောက်တာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

12 hours Ago

December 27, 2020

ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာရေးအတွက် အမှိုက်ကောက် 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေမှာ အမှိုက်တွေ အရမ်းများနေပြီး အများပြည်သူတွေ သန့်ရှင်းသာယာစွာ အပန်းဖြေနိုင်ဖို့  lean Kyauk Phyu အဖွဲ့က ဦးဆောင်ပြီး အမှိုက်ကောက်ခဲ့ပါတယ်။  Clean Kyauk Phyu ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေဖြိုးသူက “ဒီကမ်းခြေ သာယာလှပအောင်၊ ဒီမြို့သစ်နေအောင်၊ ဒီကမ်းခြေလည်း သာယာလှပအောင် နောက်ပြီး တခြား ပြည်နယ်ကလာတဲ့ သူတွေလည်း အပန်းလာဖြေတဲ့အချိန်မှာ ဒီကမ်းခြေကြီးဟာ သန့်ရှင်းနေအောင်လို့ အဓိက ရည်ရွယ်ချက်နဲ့ပေါ့နော် အမှိုက်ကောက်ဖြစ်တာပါ။” ပင်လယ်ကမ်းခြေရှိ စွန့်ပစ်အမှိုက်တွေထဲမှာ ပလတ်စတစ်တွေ ပါဝင်နေတာကြောင့် ရေနေသတ္တဝါတွေနဲ့ လူတွေကိုလည်း ထိခိုက်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မြစ်၊ ချောင်းနဲ့ ပင်လယ်ထဲတွေကို အမှိုက်မပစ်ကြဖို့ လိုအပ်တယ်လို့လည်း ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က ပြောပါတယ်။ ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပဖို့အတွက် Clean KyaukPhyu အဖွဲ့နဲ့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ပြီး စနေနေ့တိုင်း အမှိုက်ကောက်လာခဲ့ကြတာလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကျောက်ဖြူမြို့က အရပ်ဘက်လူငယ်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လာပြီး လူ ၅၀ ကျော်နဲ့ ပင်လယ်ကမ်းခြေမှာ အမှိုက်ကောက်ခဲ့ကြတာဖြစ်ပါတယ်။ သတင်း - နောင်နောင် 
1 year Ago
Up