close

အမှိုက်ပုံမီးလောင်

close

April 28, 2022

နယူးဒေလီတွင် လောင်ကျွမ်းနေသည့် အမှိုက်ပုံမီးကို ငြှိမ်းသတ်ရန် ကြိုးစားနေ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ အမှိုက်ပုံ မီးလောင်နေတာ ဧပြီ ၂၈ ရက်ဆို သုံးရက်မြောက်ရှိပြီဖြစ်ပြီး မီးသတ်သမားတွေက မြို့တော်ရဲ့ အစွန်းရောက်အပူချိန်နဲ့ မြင်နိုင်စွမ်း ကျဆင်းနေတဲ့ကြားက ငြှိမ်းသတ်ဖို့ ကြိုးစားနေပါတယ်။

အမှိုက်ပုံမီးက မီးခိုးတွေ တအားထွက်လို့ အနားကပ် မတ်တပ်ရပ်လို့တောင် မဖြစ်နိုင်ဘူးလို့ ဒေသခံ နောင်ရှတ်က ပြောပါတယ်။

ဘယ်လ်ဆွာအမှိုက်ပုံ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

မုတ်သုံမိုးမလာခင် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ပုံမှန်ကျော်အောင် ခြစ်ခြစ်တောက် ပူနေတဲ့ အိန္ဒိယရဲ့ နွေရာသီမှာ အမှိုက်ပုံ မီးလောင်တာက ဖြစ်နေကျပါ။

မြို့တော်က အမှိုက်ပုံတွေမှာ လောင်တဲ့ မီးတွေက ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော် နယူးဒေလီမှာနေတဲ့ ပြည်သူတွေ အသက်ရှူဖို့ အဆိပ်သင့်စေတဲ့ အကြောင်းရင်းတွေထဲက တခုလည်း ဖြစ်ပါတယ်။

3 hours Ago
Up