close

အမှိုက်ဖယ်ရှားစွန့်ပစ်ရေး

close

July 27, 2021

ဂျာမနီတွင် ရေဘေးသင့်အပြီး အမှိုက်များ ဖယ်ရှားစွန့်ပစ်ရန် ကြိုးစားဖြေရှင်းနေရ

ဂျာမနီနိုင်ငံမှာ နှစ်ပေါင်း  ၆၀ အတွင်း အဆိုးဆုံး ရေဘေးသင့်အပြီး ကားပျက်တွေကနေ ရေခဲသေတ္တာ အပျက်တွေအထိ လမ်းဘေးမှာ တောင်လိုပုံနေတဲ့ အမှိုက်တွေကို စွန့်ပစ်ဖို့ အမှိုက်ဖယ်ရှားရေး ကုမ္ပဏီတွေ ၂၄ နာရီပတ်လုံး ကြိုးစား ဖြေရှင်းနေရပါတယ်။

အမှိုက်သရိုက်တွေကို ရှင်းပြီးဖို့ သီတင်းပတ်ချီ ဒါမှမဟုတ် လချီပြီး အချိန်ယူရနိုင်တယ်လို့လည်း လုပ်သားတွေက ပြောပါတယ်။

ဂျာမနိနိုင်ငံဟာ အမှိုက်တွေကို ခွဲခြားအပြီး ပြန်သုံးနိုင်တဲ့ပစ္စည်းဖြစ်အောင်လုပ်တာ၊ မီးရှို့တာနဲ့ မြေမြှုပ်တာတွေပါတဲ့ အမှိုက်စီမံခန့်ခွဲမှု အမြင်သဘောထားကို ၁၉၇၀ ပြည့်လွန်နှစ်တွေ ကတည်းက စတင်မိတ်ဆက်ခဲ့တဲ့ နိုင်ငံပါ။

ဒါပေမဲ့ အခု ရေဘေးကြောင့် ထွက်လာတဲ့ အမှိုက်ပမာဏဟာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး လုပ်ငန်းတွေက ကိုင်တွယ်နိုင်တဲ့ ပမာဏထက် အများကြီး ကျော်လွန်နေပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ လယ်သမားတွေက အပျက်အစီးတွေကို ရွှေ့ပြောင်းရာမှာ ကူညီနေကြပေမယ့် အမှိုက်ကန်တွေ သိုလှောင်ရေးနေရာတွေ ပြည့်လာချိန်မှာတော့ ယာယီ အမှိုက်ပုံတွေကို တွေ့လာခဲ့ရပါတော့တယ်။

အမှိုက်အများစုကို မီးရှို့ပစ်ရမှာ ဖြစ်ပေမယ့် စည်ပင်နဲ့ စီးပွားဖြစ် အမှိုက်မီးရှို့စက်တွေက ရေဘေး မတိုင်ခင်တည်းက လုပ်နိုင်စွမ်း အကန့်အသတ်နဲ့သာ ကျန်ရစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

8 mins Ago
Up