close

အမှုဆောင်အရာရှိ ၂ ဦး

close

June 19, 2021

Apple Daily သတင်းစာ အမှုဆောင်အရာရှိ ၂ ဦးအတွက် ဟောင်ကောင်တရားရုံး အမှုကြားနာ

အမျိုးသားလုံခြုံရေးဥပဒေအရ တရားစွဲခံထားရတဲ့ ဟောင်ကောင်က ဒီမိုကရေစီ လိုလားတဲ့  Apple Daily သတင်းစာရဲ့ အမှုဆောင်အရာရှိ ၂ ယောက်အတွက် အမှုကို မကြားနာခင် ဇွန် ၁၉ ရက်အစောပိုင်းက ဟောင်ကောင်အနောက်ပိုင်း ကော်လွန်းတရားရုံးအပြင်ဘက်မှာ လူတွေစု ဝေးရောက်ရှိ နေကြတာပါ။ 

ဇွန်လ ၁၇ ရက်က Apple Daily သတင်းစာတိုက်ကို ရဲအင်အား ၅၀၀ လောက် ဝင်ရောက်စီးနင်းချိန်မှာ အဖမ်းခံခဲ့ရတဲ့ အသက် ၄၇ နှစ်အရွယ် အယ်ဒီတာချုပ်  ရိုင်ရ်လောနဲ့  အသက် ၅၉ နှစ်အရွယ် အမှုဆောင်အရာရှိချုပ် ချောင်းကင်မ်ဟန်း တို့ကို ပြည်ပ အင်အားကြီးနိုင်ငံတွေနဲ့ ပူးပေါင်းတယ်ဆိုပြီး တရားစွဲထားတာကြောင့် ဟောင်ကောင်က မီဒီယာလွတ်လပ်ခွင့်အပေါ် တပ်လှန့်မှုတွေ မြင့်တက်လာပြီး အာဏာပိုင်တွေကလည်း ဥပဒေပြဋ္ဌာန်းချက်အောက်မှာ ပိုပြီးပြင်းပြင်းထန်ထန် နှိမ်နင်းလာပါတယ်။ 

တခြား ၃ ယောက်ဖြစ်တဲ့ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် ကျောတတ်ခန်း  ဒုတိယအယ်ဒီတာချုပ် ချန်းပိုင်မန်နဲ့ အမှုဆောင်အယ်ဒီတာချုပ် ချွမ်းကျိဝေတို့ကတော့ ဇွန် ၁၈ ရက်မှာ အာမခံနဲ့ ပြန်လွတ်လာခဲ့တယ်လို့ Apple Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

သတင်းစာမှာဖော်ပြခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ ဆောင်းပါးတွေဟာ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်တယ်လို့ သံသယရှိတယ်လို့ ရဲကပြောပါတယ်။  ဒါဟာ မီဒီယာဆောင်းပါးတွေဟာ ဥပဒေပြုဋ္ဌာန်းချက်ကို  အနှောင့်အယှက်ပေးနိုင်တဲ့ အလားအလာရှိတယ်လို့ ပထမဆုံး ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။ 

59 seconds Ago
Up