close

အမှုရုပ်သိမ်း

close

July 1, 2021

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် အမှုရုပ်သိမ်းရန် တရားလိုတင်ပြထား

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် အမှုကို တရားလိုဘက်က ရုတ်သိမ်းဖို့အတွက် တရားရုံးကို တင်ပြထားတယ်လို့ သိရပါတယ်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ကို တရားရုံးက စွဲချက်မတင်သေးခင် တရားလို ရဲအရာရှိဘက်က အမှုကို ပြန်လည်ရုပ်သိမ်းဖို့အတွက် တရားရုံးကို တင်ပြခဲ့တာလို့ ရှေ့နေ အသိုင်းဝိုင်းက ပုသိမ်မြို့နယ်တရားရုံးက အမှုလိုက်ရှေ့နေ့ တဦးက ပြောပါတယ်။

"အမှုက စွဲချက်မတင်ရသေးတဲ့အတွက် တရားရုံးက တရားရှင်လွှတ်လိုက်သည်ဆိုတဲ့ အမိန့်ချတာနဲ့ လွတ်ပါပြီ။ လွတ်ဖို့ကလည်း သေချာပါတယ်။”

ဇွန်လ ၃၀ ရက်နေ့က လွှတ်ပေးတဲ့အထဲမှာ ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ပါဝင်မယ်လို့ ပြောဆိုခဲ့ကြပေမယ့် ပြန်မလွတ်လာသေးတဲ့အပေါ် အရပ်သားတွေကို ဦးစားပေးလွှတ်တာဖြစ်ပြီး ဆရာကြီးက နောက်အသုတ်တွေမှာ ပါလာမယ်လို့ ဆိုပါတယ်။

ပထမအသုတ်အနေနဲ့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးတဲ့အထဲမှာ ပုသိမ်မြို့က တိုင်းဧရာသတင်းထောက် မရွှေရည်ဝင်း၊ ပန်းချီ ဆရာ ဦးသက်နောင်တို့အပါအဝင် ၅၂ ဦး ပြန်လွတ်လာခဲ့ပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို မတ်လ ၁၂ ရက်နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တွေက ဖမ်းဆီးသွားပြီး တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

7 mins Ago

April 9, 2020

တရားစွဲဆိုခံထားရသည့် ဘင်္ဂါလီ ၁၂၈ ဦးကို အမှုရုပ်သိမ်းပြီး အပြီးပြတ်လွှတ်

ဧရာဝတီတိုင်းကို ရခိုင်ပြည်နယ်ကနေ တရားမဝင် ဝင်ရောက်လာမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဘင်္ဂါလီ ၁၂၈ ဦးကို ပုသိမ်မြို့နယ်တရားရုံးက  ဧပြီ ၈ ရက်နေ့မှာ အမှုကို ရုပ်သိမ်းပြီး အပြီးပြတ် လွှတ်ပေးလိုက်တယ်လို့ ပုသိမ်မြို့နယ်တရားရုံး တာဝန်ရှိသူကပြောပါတယ်။ တရားစွဲဆိုခံထားရတဲ့ ဘင်္ဂါလီတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ နဲ့အညီအမှုကို ရုပ်သိမ်းပေးဖို့ အမှုလိုက်ဥပဒေအရာရှိက လျှောက်ထားလာလို့ အမှုပိတ်သိမ်းပြီး အပြီးပြတ်လွှတ်လိုက်တာလို့ ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် စွဲချက်မတင်ရသေးတဲ့ ကလေးသူငယ်တွေကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၄၈ အရ အမှုကနေ အပြီးပြတ်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဘင်္ဂါလီ ၁၂၈ ဦးကို ချောင်းသာကမ်းခြေသွားတဲ့လမ်းရှိ ဥတိုတံတားအနီးနဲ့ ရွှေသောင်ယံကမ်းခြေမြို့ ပေါက်လှချိုင်ကမ်းခြေမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွေမှာ ဖမ်းမိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာပါ။ ဘင်္ဂါလီတွေဘက်ကနေ အမှုလိုက်ပေးတဲ့ ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ဟေမာန်ဖြိုးက “တရားလိုဖြစ်တဲ့ လဝကဘက်ကနေ အမှုရုပ်သိမ်းလွှာတင်တော့ ဒီနေ့မှာ အပြီးပြတ်လွှတ်ပေးလိုက်ပါတယ်။ သူတို့ဒေသတွေကို ပြန်ဖို့အတွက် လဝကနဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းပြီး ပြန်ပို့ပေးမှာပါ၊ သူတို့ဒေသကို သူတို့ပြန်ရောက်ပြီး မိသားစုတွေနဲ့ ဆုံခွင့်ရတော့မှာမလို့ အများကြီး ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ ဘင်္ဂါလီ ၁၂၈ ဦးကို ဧပြီ ၉ ရက်နေ့ပြန်ပို့မှာ ဖြစ်ပြီး အများစုကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော် မြို့နယ်မှာ နေထိုင်တဲ့သူတွေဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းခြေဒေသတွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေ တာကြောင့် ကုန်လမ်းကရော ရေလမ်းကပါ မကြာခဏဆိုသလို မော်တော်ယာဉ်တွေ စက်လှေတွေနဲ့ ဝင်ရောက်လာတာတွေရှိလို့ အထောက်အထားမဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးနေရ တာဖြစ်ပြီး တရားစွဲဆိုထောင်ချတာတွေ နေရပ်ပြန်လည်ပို့ဆောင်တာတွေ ပြုလုပ်နေရတာပါ။ အခုလ ၃ ရက်နေ့က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ကမ်းခြေမှာ တပ်မတော် (ရေ)က ဖမ်းမိခဲ့တဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၃၈ ဦးကိုတော့ ကမ်းပေါ်အကပ်မခံဘဲ တာဝန် ရှိသူတွေက ရိက္ခာတွေထောက်ပံ့ပေးပြီး ထွက်လာတဲ့နေရပ်ကို ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up