close

အမှုအခင်းများတိုင်ကြားရန်

close

August 2, 2021

အမှုအခင်းများတိုင်ကြားရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အမှုအခင်းတွေနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်လိုက်ပါတယ်။

တိုင်ကြားရာမှာ မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာ စတဲ့ အမှုတွေအပြင် တရားဉပဒေအဆုံးအဖြတ်ခံယူရမယ့် အမှုအခင်းအားလုံးကို ULAရဲ့ တရားရေးဌာနကို Email, Telegram, VK တို့က တဆင့် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော် ULA/AAရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားက အားကောင်းနေပြီး တရားရုံးတွေကိုလည်းဖွင့်လှစ်စစ်ဆေးနိုင်နေပြီလို့ ဒေသတွင်း  နိုင်ငံရေးအသိုင်းနဲ့ အရပ်ဖက်အဖွဲ့တွေကလည်း  ပြောဆိုကြပါတယ်။

ဒါနဲ့ပတ်သက်လို့  အာဏာသိမ်းစစ်တပ်လက်အောက်ခံ  ပြည်နယ်စစ်ကောင်စီအဖွဲ့ကိုတော့ ဆက်သွယ် မေးမြန်းလို့မရသေးပါဘူး။

1 min Ago
Up