မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဥရောပဇုန်အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်က အိမ်ကွင်း ဝင်ဘာလေမှာ အယ်ဘေးနီးယားကို ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီး အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲအောင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိသွားပါတယ်။
အင်္ဂလန်အတွက် အနိုင်ဂိုးတွေကို နောက်တန်းသမား မက်ဂွိုင်ယားက တစ်ဂိုး၊ တိုက်စစ်မှူး ဟယ်ရီကိန်းက ဟက်ထရစ်ဂိုးနဲ့ ဟန်ဒါဆန်က တစ်ဂိုး အသီးသီး သွင်းယူပါတယ်။
အုပ်စု (အိုင်)မှာ ရှိနေတဲ့ အင်္ဂလန်ဟာ ကစားပြီးတဲ့ ၉ ပွဲမှာ ၂၃ မှတ်နဲ့ ဦးဆောင်နေပြီး ပိုလန်က အမှတ် ၂၀ နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
အင်္ဂလန်ဟာ နောက်ဆုံး ခြေစစ်ပွဲစဉ်မှာ ဆန်မာရီယိုအသင်းနဲ့ ကစားရမှာဖြစ်ပြီး သရေ ၁ မှတ် ရတဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။