လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဒဏ်ရာပြင်းအထန်ရသွားတဲ့ အသက် ၁၈နှစ်သာရှိ သေးတဲ့ လီဗာပူးနဲ့ အင်္ဂလန်ယူ ၂၁ ကွင်းလယ်လူ အယ်လီယော့အနေနဲ့ ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုခံယူရမှာဖြစ်တယ်လို့ လီဗာပူးအသင်းကတရားဝင်သတင်း ထုတ်ပြန်ခဲ့ပါတယ်။
လီဗာပူးကွင်းလယ်လူ အယ်လီယော့ဒဏ်ရာရရှိခဲ့တဲ့ကိစ္စမှာ လိဒ်ယူနိုက်တက်က ပါစကယ် စထရက်ခ် ရဲ့ဖျက်ထုတ်ပုံထက် ဒဏ်ရာပြင်းထန်မှုကြောင့် အနီကတ်ပြခဲ့တာလို့ ထင်မြင်ကြောင်း ဂယ်ရီနဗီးလ်ကသုံးသပ်ပါတယ်။
အယ်လီယော့ဟာ ပွဲချိန်မိနစ် ၆ဝ မှာ လိဒ်ယူနိုက်တက် လူစားဝင် ကစားသမား ပါစကယ်စထရက်ခ်က အနောက်ကနေ ဖျက်ထုတ်ခဲ့တာကြောင့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာပါ။
ခြေကျင်းဝတ်နေရာက ပုံမှန်အနေအထားလိုမဟုတ်တော့တဲ့အထိ ဒဏ်ရာကြီးမာခဲ့ပြီး ဆေးရုံကို အရေးပေါ်သွားရောက်ကုသခဲ့ရတာပါ။ အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေသုံးသပ်တင်ဆက်ခဲ့တဲ့ နောက်ခံလူဟောင်း နဗီးလ်ကတော့ ပါစကယ်ထရက်ခ် အနီကတ်ပြသခံခဲ့ရတာက မှားယွင်း တယ်လို့ အရိပ်အမြွက်ဆိုခဲ့ပြီး ဖျက်ထုတ်ပုံထက် ဒဏ်ရာပြင်းထန်သွားလို့သာ အနီကတ်ပြခံရတာ ဖြစ် တယ်လို့ သုံးသပ်ခဲ့တာပါ။
ဖျက်ထုတ်မှုဟာ ကောင်းမွန်တဲ့ကိစ္စတော့မဟုတ်ဘဲ အယ်လီယော့ အခြေအနေက အရေးကြီးဆုံးဖြစ်တယ်လို့ နဗီးလ်ကပြောပါတယ်။ ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သူ ကလက်တန်ဘက်ချ်ကလည်း ပြစ်ဒဏ်ဘောပေးရမယ့်ဖျက်ထုတ်မှုတောင်မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
စကိုင်းစပေါ့ရုပ်သံကတော့ အယ်လီယော့ရဲ့ဒဏ်ရာရှိပုံက မြင်လို့မကောင်းတဲ့အခြေအနေကြောင့် အသေးစိတ်ပြန်လည်ပြသခြင်း မရှိခဲ့ဘူးလို့သိရပါတယ်။