close

အယ်လ်ဆတ်အသင်း

close

November 4, 2021

ဘာစီလိုနာကိုပြန်ခွင့်ပြုရန် အယ်လ်ဆတ်အသင်းကို နည်းပြ ဇာဗီ တောင်းဆို

ကာတာကလပ်အယ်လ်ဆတ်အသင်းနည်းပြ ဇာဗီဟာ ဘာစီလိုနာအသင်းကိုပြန်သွားချင်တယ်လို့ အသင်းကိုတောင်း ဆိုမှုပြုလုပ်ထားတယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ မနေ့က ကာတာနိုင်ငံအထိသွားရောက်ပြီး ဇာဗီကို စာချုပ်ဖျက်သိမ်းကြေးပေးပြီးခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမဲ့ အယ်ဆတ်အသင်းဘက်က နည်းပြဇာဗီကို အလွယ်တကူလက်မလွှတ်ချင်တာကြောင့် အနည်းငယ်ကြန့်ကြာနေတာဖြစ်ပါတယ်။ 

ဇာဗီကတော့  နည်းပြရာထူးနဲ့ ပတ်သက်လို့ ဘာစီလိုနာနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး အပြီးသတ်ဆွေးနွေးမှုတွေကို ကလပ်အသင်း နှစ်သင်းဘက်က လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကလပ် နှစ်သင်းကြားမှာ ဆွေးနွေးနေပါတယ်။ သူတို့ သဘော တူညီမှုရဖို့လိုအပ်ပါတယ်။ ကျွန်တော်အိမ်ကို အမှန်တကယ်ပြန်ချင်လို့ ဖြစ်လာဖို့မျှော်လင့်တယ်။ စာချုပ်ရှိသေးလို့ ဆွေးနွေးမှုလုပ်နေပြီး အသင်းဘက်ကလည်း ကျွန်တော့်ဆန္ဒကိုသိပြီးသားပါ” လို့ ဇာဗီကပြောပါတယ်။ 

နည်းပြဇာဗီရဲ့ အယ်လ်ဆတ်အသင်းဟာ ဗုဒ္ဓဟူးနေ့က အယ်ဒူဟေးအသင်းနဲ့ ၃ ဂိုး စီသရေကျခဲ့ပြီးနောက် ဇာဗီဟာ အသင်းသားတွေနဲ့ နှုတ်ဆက်စကားပြောဖို့ ရှိတယ်လို့ သိရပါတယ်။ 

2 mins Ago
Up