close

အယ်လ်ဆာဗေးဒိုး

close

February 27, 2023

အယ်လ်ဆာဗေးဒိုးတွင် ရာဇဝတ်ဂိုဏ်းသား ၂,၀၀၀ ကျော်ကို ထောင်အသစ်သို့ ပြောင်းရွှေ့

အယ်လ်ဆာဗေးဒိုး အစိုးရဟာ သံသယရှိဖွယ် ဂိုဏ်းဝင်ထောင်ပေါင်းများစွာကို အသစ်ဖွင့်လိုက်တဲ့ ထောင်ကြီးဆီ ဖေဖော်ဝါရီ ၂၄ ရက်က ပြောင်းရွှေ့ခဲ့ပါတယ်။

အလယ်အမေရိကနိုင်ငံရဲ့ အကျဉ်းထောင်လူဦးရေကို တိုးမြင့်လာစေတဲ့ အငြင်းပွားစရာ ကောင်းတဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးရဲ့ နောက်ဆုံးခြေလှမ်းဖြစ်ပါတယ်။

“ဒါဟာ သူတို့ရဲ့ အိမ်အသစ်ဖြစ်ပြီး လူထုကို နောက်ထပ် အန္တရာယ်ပြုနိုင်မှာ မဟုတ်ပါဘူး" လို့ သမ္မတ နာယစ်ဘ် ဘူခေလေက တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ 

စွပ်စွဲခံထားရတဲ့ ဂိုဏ်းဝင် ၂,၀၀၀ လောက်ကို အမေရိကတိုက်ရဲ့ အကြီးဆုံးအကျဉ်းထောင်လို့ ယူဆရတဲ့ လူ လေးသောင်းဆံ့တဲ့ အကျဉ်းထောင်ကို ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ပြောင်းရွှေ့ ခဲ့ပါတယ်။

သမ္မတ ဘူခေလေ တင်ထားတဲ့ ရုပ်သံတခုထဲမှာ အကျဉ်းသားတွေက ခေါင်းရိတ်ထားပြီး အဖြူရောင် ဘောင်းဘီတိုကို ချွတ်လိုက်ပြီးတဲ့နောက် အကျဉ်းထောင်အသစ်ကတဆင့် အကျဉ်းခန်းတွေထဲကို ပြေးသွားတာ တွေ့ရပါတယ်။

ထောင်သားအများအပြားက ဂိုဏ်းတွေရဲ့ ဆေးမင်ကြောင်တွေကိုလည်း ထိုးထားပါတယ်။

အကြမ်းဖက်ဂိုဏ်းတွေရဲက လက်ချက်လို့ ယူဆရတဲ့ လူသတ်မှုတွေ သိသိသာသာ တိုးမြင့်လာပြီး တဲ့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးအချို့ကို ဆိုင်းငံ့ထားမယ့် ခြွင်းချက် အခြေအနေတရပ်ကို ပြီးခဲ့တဲ့နှစ်က အတည်ပြုဖို့ ဘူခေလေက အယ်လ်ဆာဗေဒိုလွှတ်တော်ထဲမှာ သူ့ရဲ့ မဟာမိတ်တွေကို တောင်းဆိုခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ရာဇ၀တ်မှု ဆန့်ကျင်ရေး ပိုက်စိပ်တိုက်ရှာဖွေရင်း သံသယရှိသူ ၆၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ 

10 mins Ago

February 25, 2023

ရာဇဝတ်ဂိုဏ်းဝင်များကို မက်ဂါ-ဧရာမအကျဉ်းထောင်ကို ရွှေ့ပြောင်း

အယ်လ်ဆာဗေးဒိုးအစိုးရဟာ နိုင်ငံတွင်းအကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေတိုးမြင့်လာတဲ့ ပြဿနာကိုကိုင်တွယ်ဖို့  ဖမ်းဆီးထားတဲ့ ရာဇဝတ်ဂိုဏ်းဝင် ထောင်ပေါင်းများစွာကို အသစ်ဖွင့်လှစ်လိုက်တဲ့ မက်ဂါ-ဧရာမအကျဉ်းထောင်ကြီးဆီကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ရွှေ့ပြောင်းခဲ့ပါတယ်။

ပထမဦးဆုံးအသုတ်အနေနဲ့ မူးဂိုဏ်းဝင် အယောက် ၂၀၀၀ ကို ဗဟိုဌာန (CECOT) ဆီကို ရွှေ့လိုက်ကြောင်းနဲ့ ဒါက သူတို့ရဲ့ သူတို့ ဆယ်စု နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ရမယ့် အိမ်အသစ်ဖြစ်လာပြီးတော့ ပြည်သူတွေကို နောက်ထပ် အန္တရာယ်မပြုနိုင်တော့ဘူးလို့ သမ္မတ နာယစ်ဘ် ဘူကီလီက တွစ်တာမှာ ရေးပါတယ်။

အမေရိကတဝန်းမှာ အကြီးဆုံးအကျဉ်းထောင်လို့ ယူဆရတဲ့ လူ ၄၀၀၀၀ ဆန့် ထောင်ကြီးထဲကို မူးယစ် ဂိုဏ်းဝင် ၂၀၀၀၀ လောက်ကို ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းမှာ ပြောင်းရွှေ့ခဲ့တာပါ။ 

သမ္မတ ဘူကီလီတင်ထားတဲ့ ဗီဒီယိုထဲမှာ ထောင်အသစ်ကြီးရဲ့ အကျဉ်းခန်းတွေမှာ ပြေးနေကြတဲ့ ဘောင်းဘီတို အဖြူဝတ် ကတုံးရိတ်ထားတဲ့ ထောင်သားတွေကို မြင်တွေ့ရပြီး သူတို့ အတော်များများမှာ ဝက်ဝံဂိုဏ်း တက်တူးတွေ ရှိကြပါတယ်။ 

အယ်လ်ဆာဗေဒိုးနိုင်ငံမှာ အကြမ်းဖက်ဂိုဏ်းတွေက ကျူးလွန်တယ်လို့ ယူဆရတဲ့ လူသတ်မှုတွေ သိသိသာသာ မြင့်တက်လာပြီးနောက်မှာ ပြီးခဲ့တဲ့နှစ်က သမ္မတ ဘူကီလီဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးတချို့ကို ဆိုင်းငံ့ထားတဲ့ ခြွင်းချက် အခြေအနေတခုကို အတည်ပြုပေးဖို့ အယ်လ်ဆာဗေဒို ကွန်ဂရက်မှာ သူ့ရဲ့ မဟာမိတ်တွေကို တောင်းဆိုခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ရာဇ၀တ်မှု ဆန့်ကျင်ရေး ပိုက်စိပ်တိုက် စီမံချက်မှာ သံသယရှိသူ ၆၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ခြွင်းချက်ဥပဒေအရ ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးမှုတွေ ပြုလုပ်နိုင်ပြီး ပုဂ္ဂလိက ဆက်သွယ်မှုတွေကို အစိုးရကနေ ရယူနိုင်တဲ့အပြင် အကျဉ်းသားတွေဟာ ရှေ့နေ ခေါ်ပိုင်ခွင့်လည်း မရှိတော့ပါဘူး။

ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုအတွင်း အနည်းဆုံး ဒါဇင်နဲ့ချီတဲ့ သေဆုံးသွားသူတွေ အပါအဝင် ဒီမူဝါဒအရ အပြစ်မဲ့ပြည်သူတွေလည်း ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ က ငြင်းခုံကြပါတယ်။ 

ဒါပေမဲ့ သမ္မတ ဘူကီလီရဲ့ လူဆိုးဂိုဏ်းတွေ ဖြိုခွင်းရေး စီမံချက်ဟာ ဆာလ်ဗေဒိုး ပြည်သူတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားနေဆဲဖြစ်ပြီး ရာဇ၀တ်မှု ကျူးလွန်သူအားလုံးကို ဖမ်းမိတဲ့ အထိ ဆက်လုပ်သွားမှာဖြစ်ကြောင်း နိုင်ငံရဲ့လုံခြုံရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

2 days Ago
Up