close

အယ်လ်တန်ဂျွန်

close

March 1, 2023

ချားစ်လ်ဘုရင် နန်းတက်ပွဲတွင် ဖျော်ဖြေရန် နာမည်ကြီးအဆိုတော်များ ငြင်းပယ်

ဘက်ကင်ဟမ်နန်းတော် ဝင်ဆာရဲတိုက်မှာ မေလ ၇ ရက်နေ့ ကျင်းပမယ့် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ဖျော်ဖြေပွဲမှာ ထိပ်တန်း နာမည်ကျော်အဆိုတော်တွေက ဖျော်ဖြေဖို့  ငြင်းပယ်ကြတဲ့အတွက် ပွဲစီစဉ်သူတွေ အခက်တွေ့နေရတယ်လို့ The Sun က ကြေညာပါတယ်။

ဒိုင်ယာနာမင်းသမီးရဲ့ အခင်ဆုံးသူငယ်ချင်း အယ်လ်တန်ဂျွန်ကိုလည်း ချားလ်စ်ဘုရင်က ဖျော်ဖြေဖို့ ဖိတ်ကြားခဲ့တဲ့အတွက် ပြည်သူတွေကတော့ ချားလ်စ်ဘုရင်ရဲ့ သတ္တိကို လေးစားပါတယ်လို့ ဝေဖန်နေကြတာဖြစ်ပြီး အယ်လ်တန်ဂျွန်ကတော့ ဂရမ်မီ ဖျော်ဖြေပွဲတွေနဲ့ ရက်တိုက်နေတယ်ဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။

Spice girls အဖွဲ့ဝင်တွေကတော့ နန်းတက်ပွဲ ဖျော်ဖြေဖို့ဆိုပြီး သူတို့အဖွဲ့ ပြန်လည်စုစည်းခဲ့ပေမဲ့ အခုတော့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာဖြစ်ပြီး ဂရမ်မီမှာ Artist of The Year ရရှိခဲ့တဲ့ ဟယ်ရီစတိုင်ကလည်း သူ့ရဲ့ Love on Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲ အချိန်ဇယားကြောင့် ငြင်းပယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တပတ်က ဗြိတိန်လူမျိုး နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ Adele နဲ့ Ed Sheeran တို့ကလည်း ဖျော်‌ဖြေဖို့ ငြင်းပယ်ခဲ့ကြတာဖြစ်ပြီး ထိပ်တန်းစာရင်းဝင် နာမည်ကျော်အားလုံး ချားလ်စ်ဘုရင် နန်းတက်ပွဲ ဖျော်ဖြေဖို့ ငြင်းပယ်ထားပေမဲ့ ထိပ်တန်းစာရင်းဝင်မဟုတ်တဲ့ အနုပညာရှင်တချို့ကတော့ ကမ်းလှမ်းချက်ကို လက်ခံထားတယ်လို့ ဆိုပါတယ်။

12 mins Ago
Up