close

အယ်လ်နန်နီ

close

May 26, 2022

တိုက်စစ်မှူး အန်ကတ်တီယာကို ၅ နှစ်သက်တမ်းတိုးစာချုပ်ဖြင့် အာဆင်နယ် ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ လူငယ်တိုက်စစ်မှူး အန်ကတ်တီယာကို ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေဖြစ်ပါတယ်။

အစောပိုင်းက ရောင်းချမယ့် ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အာဆင်နယ်က သက်တမ်းတိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အန်ကတ်တီယာကို ၅ နှစ်စာချုပ် ချုပ်ဆိုပြီး တပတ်လုပ်ခ ပေါင် ၁ သိန်း၊ လက်မှတ်ထိုးကြေး ပေါင် ၅ သန်း ပေးချေမယ်လို့လည်း မက်လုံးပေးထားပါတယ်။

အသက် ၂၂ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးကို ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ် အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကွင်းလယ်လူ မိုဟာမက်အယ်လ်နန်နီကိုလည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

11 mins Ago

April 14, 2020

အာဆင်နယ် ကွင်းလယ်လူ အယ်လ်နန်နီဟာ ဗီအဲရာလို ကစားသမား ဖြစ်လာနိုင်ဟုသုံးသပ်

အာဆင်နယ် ကွင်းလယ်လူ အယ်နန်နီဟာ ဗီအဲရာလို ကစားသမား ဖြစ်လာနိုင်တယ်လို့ ကစားသမားဟောင်း ဂီလ်ဘာတိုဆေးဗားလ်က သုံးသပ်လိုက်ပါတယ်။ ကွင်းလယ်လူဟောင်း ဂီလ်ဘာတိုဆေးဗားလ်ဟာ အာဆင်နယ်အသင်း ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားရယူမှာ အသင်းခေါင်းဆောင် ဗီအဲရာနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ။ အာဆင်နယ်အသင်းဟာ အယ်လ်နန်နီကို ၂၀၁၆ ခုနှစ်က ဆွစ်ကလပ် ဘေဆယ်ကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။အခုနှစ်ရာသီမှာတော့ တူရကီကလပ် ဘက်ဆစ်တပ်အသင်းကို အငှားချထားတာပါ။  ပြီးခဲတဲ့နှစ်တွေအတွင်း  အာဆင်နယ်အသင်းရဲ့ အခြေအနေက ခက်ခဲပြီး ကွင်းလယ်ပိုင်းမှာ  ဗီအဲရာလို ကစားသမား မရှိခဲ့ကြောင်း၊ အသင်းရဲ့ တိုက်စစ်အသားပေး ကစားပုံအရ ခံစစ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်မယ့် ကစားသမား ကင်းမဲ့နေခဲ့ကြောင်း၊ အဲဒီလိုနေရာမှာ ကစားနိုင်မယ့်သူက အယ်လ်နန်နီ ဖြစ်တယ်လို့ ဂီလ်ဘာတိုဆေးလ်ဗားက သုံးသပ်ပြောပါတယ်။ အသက် ၂၇ နှစ်ရှိ အီဂျစ် လက်ရွေးစင် အယ်လ်နန်နီဟာ အခုနှစ်ရာသီအကုန်စာချုပ်သက် တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
2 years Ago
Up