close

အရန်ခုံ

close

February 20, 2023

အရန်ခုံထိုင်ခဲ့ရသော်လည်း နည်းပြ၏ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ဆွန်ဟောင်မင်ပြော

ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အရန်ခုံမှာထိုင်ခဲ့ရပေမယ့် နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာဖြစ် ကြောင်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန် ၆၈ မိနစ်ရောက်မှ လူစားဝင်ကစားခဲ့ရပေမယ့် စပါးအသင်းအတွက် ဒုတိယဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

ကစားသမားတိုင်းကအရန်ခုံမှာ ထိုင်ချင်ကြမှာမဟုတ်ပေမဲ့ ဒါမျိုးက လက်ခံရမယ့် ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ နည်းပြက ဆုံးဖြတ်တာဖြစ်တဲ့အတွက် လက်ခံရ မယ့်တာဝန်ရှိကြောင်း ဆွန်ဟောင်မင်က ပွဲအပြီးမှာပြောပါတယ်။

နည်းပြချုပ် ကွန်တေဟာ  သည်းခြေအိတ် ခွဲစိတ်ကုသခဲ့ရတာကြောင့် ကွင်းထဲကနေ ကြီးကြပ်နိုင်ခြင်းမရှိခဲ့ပါဘူး။

နည်းပြချုပ် ကွင်းဘေးမှာမရှိတဲ့အပေါ် ဝမ်းနည်းရပေမယ့် ကျန်းမာရေးကောင်းနေဖို့က ပိုအရေးကြီးကြောင်းနဲ့ မကြာခင်ပြန်လည် တာဝန်ယူနိုင်တော့မှာဖြစ်ကြောင်း ဆွန်ဟောင်မင်က ပြောသွားပါတယ်။ 

8 mins Ago

October 10, 2020

အရန်ခုံတွင် မထိုင်ချင်ကြောင်း အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင် ဖွင့်ဟ

အရန်ခုံမှာ မထိုင်ချင်ဘဲ ပွဲထွက်ခွင့်ရရှိလိုကြောင်း အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်က ပြောပါတယ်။  ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ မနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး နည်းပြ ကွန်တီလက်ထက်မှာ ပွဲထွက်ခွင့်မရ ဖြစ်နေတာပါ။  မနှစ်က ဘောလုံးရာသီမှာ ၁၇ ပွဲ ကစားခဲ့ပေမယ့် အခုနှစ်ဘောလုံးရာသီမှာတော့ တပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားတာပါ။  နည်းပြ ကွန်တီဟာ လူကာကူနဲ့ မာတီနက်ဇ်တို့ရဲ့နောက်မှာ အီတလီကွင်းလယ်လူတွေဖြစ်တဲ့ ဘာရီလာနဲ့ ဆန်စီတို့ကို အသုံးပြုခဲ့ပြီး ဘာစီလိုနာက ဗီဒယ်လည်း ပြောင်းရွှေ့လာတာကြောင့် အဲရစ်ဆင်က အရန်ခုံရောက်သွားခဲ့တာပါ။  ဘောလုံးပွဲစဉ်တွေ အများကြီး ကစားရဖို့ ကျန်သေးတာကြောင့် ပွဲကစားခွင့် ပိုမိုရရှိလာဖို့ မျှော်လင့်ပြီး အရန်ခုံထိုင်ရတာက ဘယ်တုန်းကမှ နှစ်သက်စရာ မကောင်းခဲ့ကြောင်း အဲရစ်ဆင်က ပြောခဲ့တာပါ။
2 years Ago
Up