close

အရန်စစ်မှုထမ်း

close

October 29, 2022

အရန်စစ်မှုထမ်းခေါ်ယူမှု အဆုံးသတ်ပြီဟု ရုရှားပြော

ယူကရိန်းမှာ တိုက်ခိုက်ဖို့ ရုရှားက စက်တင်ဘာမှာ ကြေညာခဲ့တဲ့ အရန်စစ်မှုထမ်း အင်အား ၃ သိန်း ဆင့်ခေါ်မှုဟာ ပြီးမြောက်အဆုံးသတ်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂူက အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့ တွေ့ဆုံပွဲမှာ ရွှိုင်ဂူက လူအင်အား ၃ သိန်း စုဆောင်းဖို့ သတ်မှတ်ထားတဲ့ တာဝန်က ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနဲ့ နောက်ထပ် လုပ်ဆောင်စရာ အစီအစဉ် မရှိကြောင်း ပြောသွားတာပါ။ 

စုဆောင်းထားတဲ့ လူ ၃ သိန်းထဲက ၂၁၈,၀၀၀ ဟာ လေ့ကျင့်ရေးမှာ ရှိနေပြီး ၈၂,၀၀၀ ကိုတော့ စစ်ပွဲဇုန်မှာ တာဝန်ပေးထားကြောင်း၊ အဲဒီအထဲက ၄၁,၀၀၀ ကို သူတို့ရဲ့ ယူနစ်တွေမှာ တာဝန်ပေးခဲ့ကြောင်း ရွှိုင်ဂူက ပြောပါတယ်။ 

အနာဂတ်ကာလမှာ ယူကရိန်းတိုက်ပွဲအတွက် စစ်သားစုဆောင်းရေးဟာ ရုရှားရဲ့ အရန်တပ်သား သန်းပေါင်းများစွာကို စည်းရုံးမယ့်အစား စေတနာ့ဝန်ထမ်းနဲ့ ကြေးစားစစ်သားတွေအပေါ် အခြေခံ စုဆောင်းသွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။ 

ရွှိုင်ဂူကို တုံ့ပြန်တဲ့အနေနဲ့ ပူတင်က စည်းရုံးရေးပြဿနာတွေကို အသိအမှတ်ပြုခဲ့ပြီး ဒါတွေဟာ ရှောင်လွှဲလို့ မရကြောင်းနဲ့ ရုရှားစစ်တပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ပြင်ဆင်မှုတွေ" လုပ်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။  

ရုရှားတပ်တွေဟာ စစ်ရေးအရ ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ယူကရိန်းအရှေ့ပိုင်း ခါကိဗ် ဒေသကနေ ဆုတ်ခွာသွားပြီးတော့ တောင်ပိုင်း ခါဆွန်ဒေသမှာလည်း ဖိအားတွေ တိုးလာတာကို မြင်တွေ့ရပြီးနောက်မှာ ပူတင်က စက်တင်ဘာ ၂၁ ရက်မှာ အရန်စစ်မှုထမ်းအင်အား ၃ သိန်း ကို ကြေညာဆင့်ခေါ်ခဲ့တာပါ။ 

ဒီလုပ်ဆောင်ချက်ကြောင့် ရုရှားနိုင်ငံမှ စစ်မှုထမ်းအရွယ် အမျိုးသားတွေ နိုင်ငံခြားကို ထွက်ကုန်ကြပါတယ်။ ရုရှားနိုင်ငံတဝန်း စစ်မှုထမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူပေါင်း ၂၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ 

2 mins Ago
Up