close

အရန်မီးသတ်တပ်ခွဲမှူး

close

August 12, 2022

အင်းစိန်မြို့နယ်တွင် အရန်မီးသတ်တပ်ခွဲမှူးအပါအဝင် ၂ ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃)၊ မြတ်ဧရာလမ်းသွယ် (၂) မှာ ဩဂုတ် ၁၂ ရက် ဒီကနေ့ မနက်ပိုင်းက အရန်မီးသတ်တပ်ခွဲမှူးအပါအဝင်နှစ်ဦး  သေနတ်နဲ့ ပစ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ် အရန်မီးသတ်တပ်ခွဲမှူးနဲ့ သူငယ်ချင်းဖြစ်သူတို့ ကားပြင်နေစဥ် ဆိုင်ကယ်နဲ့ အမျိုးသား သုံးဦး ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူ တဦးက  ပြောပါတယ်။

"ကားဘီးပေါက်လို့ လဲနေတဲ့အချိန် ဆိုင်ကယ်နဲ့လူ သုံးဦး ရောက်လာပြီး ဝိုင်းပစ်တာ ငါးချက်လောက်ရှိမယ်။"

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် အရန်မီးသတ်တပ်ခွဲမှူးဟာ ကိုလှိုင်မင်းထွန်းဖြစ်ပြီး ဒဏ်ရာ ရရှိသူနောက် တစ်ယောက်က သူ့ရဲ့သူငယ်ချင်း ကိုခင်မောင်ငြိမ်းဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"မီးသတ်တပ်ခွဲမှူးက  ရင်ဘတ်ကိုထိတယ် စိုးရိမ်ရတယ်။ နောက်တစ်ယောက်က ပေါင်ကိုထိတယ် သိပ်မစိုးရိမ်ရဘူးအခု အင်းစိန်ဆေးရုံမှာ။"

လက်တလောမှာ စစ်ကောင်စီတပ်တွေဟာ တညင်းကုန်းလမ်းဆုံမှာ ဆိုင်ကယ်တွေနဲ့လမ်းသွား လမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

အင်းစိန်မြို့နယ်မှာ အခုလအတွင်း အုပ်ချုပ်ရေးမှူး နှစ်ယောက်နဲ့ ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

1 min Ago
Up