close

အရန်ရေနံစည်

close

April 3, 2022

အမေရိကန် အရန်ရေနံစည် တနေ့ ၁ သန်း ထုတ်ပေးမည်ဟု ဂျိုးဘိုင်ဒင်ပြော

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က နိုင်ငံမှာသိုလှောင်ထားတဲ့ အရေးပေါ်ရေနံထဲမှ တနေ့ ရေနံစိမ်း စည်ပေပါ ၁ သန်းနှုန်းနဲ့ ၆ လ ထုတ်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့စစ်ရေးတိုက်ခိုက်မှုကြောင့် လောင်စာဈေးနှုန်းမြင့်တက်မှု ကျဆင်းစေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဈေးကိုင်ထားတဲ့ ရေနံထုတ်လုပ်ကုမ္ပဏီတွေကို စိန်ခေါ်လုပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဘိုင်ဒင်က “အခုအခါမှာ ရေနံနဲ့ ဓာတ်ငွေ့ စက်ရုံတွေဟာ ရောင်းချမှုမရှိဘဲ တနေ့ကို စည် ၉၀၀၀ လောက်ကို ဖင်ခုထိုင်နေတယ်။ သူတို့မှာ ရေနံထုတ်နိုင်တဲ့ အသုံးမပြုရသေးတဲ့မြေ ဧက ၁ သန်းကျော် ရှိတယ်။ နေ့စဉ် အသုံးပြုနေရတဲ့ မိသားစုတွေဟာ သူတို့လက်ခုပ်ထဲက ရေလို ဖြစ်နေတယ်။ ဒါကြောင့် အရန်ရေနံစည်ကို ထုတ်သုံးဖို့ ကျနော် ဆုံးဖြတ်လိုက်တာ။ လွှတ်တော်အနေနဲ့ လာမယ့်နှစ်တွေအတွင်း ရေနံကုမ္ပဏီတွေ အသုံးမပြုဘဲ ကိုင်ထားတဲ့တွင်းတွေကို အခွန်တိုးကောက်ပါလို့ ကျနော်တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

“အခု စစ်ပွဲကာလကြောင့် ရေနံထုတ်လုပ်မှု တိုးမြှင့်မှာပါပဲ၊ နောက်နှစ်လည်း ထုတ်လုပ်မှု တိုးမြင့်မှာပါပဲ၊ ကျနော်တို့သမိုင်းမှာ နိုင်ငံပိုင်အရန်ရေနံစည်ကို အများဆုံး ထုတ်လုပ်လိုက်တာပါ။ မေလကစပြီး ၆ လတိတိ ထုတ်ပေးသွားမယ်၊ ဒါ မျိုးချစ်စိတ်ကို ပြတာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လမှာ ဘိုင်ဒင်က ရုရှားရေနံ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို တားမြစ်လိုက်ပါတယ်။ ရုရှားဟာ ကမ္ဘာကို ရေနံစိမ်းတင်ပို့မှု ၁၀ ရာခိုင်းနှုန်း ရှိတာပါ။ 

နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ ခန့်မှန်းချက်အရ စီးပွားရေးပိတ်ဆို့မှုကြောင့် ရုရှားရေနံ တနေ့ စည်ပေါင်း ၃ သန်းခန့် ဈေးကွက်မှ ပျောက်သွားပါတယ်။  

1 min Ago
Up