close

အရပ်သားအယောင်ဆောင်

close

May 22, 2021

စစ်ကောင်စီတပ်များ အရပ်သားအယောင်ဆောင်ပြီး ဝင်ပစ်

စစ်ကောင်စီတပ်တွေဟာ အရပ်သားယောင်ဆောင်ပြီး အနားကပ်မှ သေနတ်နဲ့ ပစ်တယ်လို့ ချင်းပြည်နယ် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ပြောပါတယ်။

မနေ့ နေ့လယ်ပိုင်းက မင်းတပ်မြို့ ဘူးကွန်းရွာကို စစ်ပြေးဒေသခံတွေပုံစံနဲ့ အရပ်သားဝတ်စုံဝတ်၊ တာလပတ်တွေခြုံ တက်လာခဲ့ပြီး အနီးကပ်ရောက်မှ သေနတ်တွေနဲ့ စတင်ပစ်ခတ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရင်တိုက်ပွဲတွေလိုပဲ လောင်ချာတွေ၊ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁ ယောက်သေဆုံးသလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

CDF-Mindat ဘက်ကလည်း တစ်ယောက်ကျဆုံးပြီး အစိုးရဘက်က ဒဏ်ရာရသူ ၉ ယောက် ရှိတယ်လို့ ထုတ်ပြန်ပါတယ်

5 mins Ago
Up