close

အရာတော်မြို့နယ်တိုက်ပွဲ

close

April 2, 2022

အရာတော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ၊ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို PDF တပ်ပေါင်းစုက  ဧပြီ ၁ ရက်  နေ့လယ် ၁ နာရီဝန်းကျင်မှာ  သိမ်းပိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။ 

ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ၊ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်နဲ့ ပတ္တမြားညီနောင်အဖွဲ့တွေပူးပေါင်းပြီး  လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး  ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ပွဲဟာ ၂နာရီကျော် ကြာမြင့်ခဲ့ပြီး PDF တပ်ပေါင်းစုတွေ စစ်ကောင်စီတပ်တွေရဲ့ စခန်းနဲ့ ဆိုင်ကယ် ၃ စီးကို သိမ်းဆည်းနိုင်ခဲ့တဲ့အပြင်  စစ်ကောင်စီတပ်တွေရဲ့ ကျန်းမာရေးတပ်ဖွဲ့ အယောင်ဆောင်အသုံးပြုနေတဲ့ လူနာတင်ယာဉ်ဟာလည်း ပူးပေါင်းတပ်တွေ ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

51 seconds Ago
Up