close

အရေပြားရောဂါ

close

June 14, 2022

ပူတာအိုတွင် နွားတကောင် ထူးဆန်းသည့် အရေပြားရောဂါဖြစ်ပွား

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်မှာ  ဇွန် ၁၃ ရက် က  နွားတစ်ကောင်ပေါ်မှာ ထူးဆန်းတဲ့အရေပြားရောဂါဖြစ်ပွားနေတာ တွေ့ခဲ့ရတယ်လို့  မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီနေ့ ကလေးကျောင်းအကြိုအပို့လုပ်ရင်းနဲ့ ကောင်ကထောင်ရပ်ကွက် RCဘုရားကျောင်းနားမှာ နွားတစ်ကောင်က ထူးဆန်းတဲ့ အဖုတွေနဲ့ သနားစရာတွေ့လိုက်ရတယ်။ ခုနာမည်ကြီးနေတဲ့ မျောက်ကျောက် ရောဂါများရောက်တာလားမသိဘူး"လို့ဆိုပါတယ်။

ပူတာအိုဒေသခံပြည်သူအများစုဟာ နွားတွေမွေးမြူနေကြတာဖြစ်လို့ ကျန်တဲ့နွားတွေလည်း အလားတူ ရောဂါခံစားလာမှာကို စိုးရိမ်နေရပြီး ပူတာအိုမှာ  နွားကာကွယ်ဆေးတွေ ထိုးပေးရေး တာ၀န်ရှိတဲ့သူတွေ‌အနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးစေလိုတယ်လို့ ပူတာအိုမြို့ခံက ပြောပါတယ်။

ပူတာအိုဒေသမှဦ အခုလို  နွားမှာ ထူးဆန်းတဲ့အရေပြားရောဂါတွေ့ရှိမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပူတာအိုမှာ မြို့တွင်းကားလမ်းမကြီးတွေဟာ ကျဉ်းမြောင်းနေပြီး နွားတွေ မကြာခဏ ကား၊ ဆိုင်ကယ်နဲ့တိုက်ခံရကာ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း နွား ၁၀ ကောင်လောက် သေဆုံးခဲ့ပါတယ်။ 

4 mins Ago

June 25, 2021

ရခိုင် စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးငယ်များ အရေပြားရောဂါဖြစ်ပွားနေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းအပါအဝင် အနီးအနားရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြတဲ့ ကလေးတွေမှာ အခုရက်ပိုင်းအတွင်း အရေပြားမှာ ယားနာတွေဟာ ခန္ဒာကိုယ်အနှံ့ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ကလေးတွေမှာ အရေပြားရောဂါဖြစ်ပွားတာဟာ အခုရက်ပိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ရေကြီးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ရေသန့်ရှင်းမှု မရှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ဆီကို အကြောင်းကြားလာကတော့ ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းပေါ့။ အဲဒီမှာ ကလေး ၁၀ ယောက်လောက်က အရေပြားမှာ ယားနာတွေ ပေါက်တာပေါ့၊ အများကြီးပဲပေါက်တယ်၊ တချို့ကလေးတွေမှာ အနည်းငယ်ပေါက်နေတဲ့သူတွေလည်းရှိတယ်လို့ ပြောကြပါတယ်၊ နောက်ပြီး တခြားအနီးအနားစခန်းတွေမှာလည်းပဲ အရေပြားရောဂါ အသေးစားလေးတွေ ဖြစ်နေတယ်လို့ သိရတယ်။ ကျွန်နော်တို့ ဘာကြောင့်ဖြစ်တယ်မှန်းတော့ တိတိကျကျမသိနိုင်သေးပါဘူး၊ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေရှိတာတွေကတော့ ဒီရက်ပိုင်းတွေမှာမိုးကြီးပြီးတော့ ရေပြည့်တာ၊ နောက်အဲဒါတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ ရေမသန့်ရှင်းမှုတွေဖြစ်တာ ဒါတွေနဲ့ဆက်စပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ အရေပြားရောဂါဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်စခန်းက ကလေးတွေကို နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနတွေက လာရောက်ကာ ဆေးကုသမှုတွေပေးနေတယ်လို့လည်း ဆိုပါတယ်။

12 months Ago
Up