close

အရှက်ရစရာရှုံးပွဲ

close

August 14, 2022

အရှက်ရစရာရှုံးပွဲအတွက် တာဝန်ရှိကြောင်း မန်ယူဂိုးသမား ဒီဂီယာဝန်ခံ

ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲက အရှက်ရစရာရှုံးပွဲအတွက် သူ့မှာပဲတာဝန်ရှိကြောင်း မန်ယူဂိုးသမားဒီဂီယာက ပြောပါတယ်။

ဒီဂီယာဟာ ဘရန်ဖို့ဒ်အသင်းသွင်းယူခဲ့တဲ့ ပထမဂိုးနဲ့ ဒုတိယဂိုး ၂ ဂိုးမှာ အမှားအယွင်းရှိခဲ့ တာကြောင့်ပရိသတ်တွေရဲ့ ဝေဖန်မှုလည်းခံခဲ့ရပါတယ်။

ဂိုးသမားဒီဂီယာကိုယ်တိုင်ကလည်း သူ့အမှားအတွက်ဝန်ခံခဲ့ပြီး ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်အတွက် တာဝန်ယူကြောင်း၊ ဒါပေမဲ့ဘောလုံးမှာဖြစ် လေ့ရှိကြောင်းလည်း ဒီဂီယာက ပြောပါတယ်။

သူလုပ်ခဲ့တဲ့အမှားတွေက ပွဲရလဒ်ကို ပြောင်းလဲသွားခဲ့ကြောင်း၊ ကစားသမားတွေအနေနဲ့ နည်းပြသစ်တန်ဟတ်ဂ်ဆီကနေ လေ့လာသင်ယူမှုတွေ အများကြီးလုပ်ဆောင်ခဲ့ပေမဲ့ လုံလောက်မှုမရှိသေးကြောင်း ဂိုးသမားဒီဂီယာကပြောပါတယ်။

မန်ယူအသင်းပရိသတ်တွေကတော့ အမှားအယွင်းများတဲ့ ဒီဂီယာဟာ ကမ္ဘာ့အဆိုးရွားဆုံး ဂိုးသမားဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွေကနေပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။

56 seconds Ago
Up