close

အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

close

May 20, 2021

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး မဆုနှင်းထက် ဖမ်းဆီးခံရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ အတွင်းရေးမှူး မဆုနှင်းထက်ကို မေလ ၁၉ ရက်က  သန်လျင်မြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဖမ်းဆီးသွားပါတယ်။

မနေ့ မနက်ပိုင်းမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ဆရာတစ်ဦးဆိုသူက  မဆုနှင်းထက်ဆီကို ဖုန်းဆက်ပြီး စစ်ကောင်စီလက်ထဲ သမဂ္ဂအမှုဆောင်စာရင်းအားပေးလိုက်ပြီ ဖြစ်ကြောင်းပြောဆိုခဲ့ပြီး မိသားစုရဲ့  လုံခြုံရေးကိုလည်း  ခြိမ်းခြောက်ခဲ့ပြီးနောက်  နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဖမ်းဆီးပြီးနောက် သန်လျင်ရဲစခန်းမှာ ဖမ်းချုပ်ထားပြီး ဒီနေ့ မနက်ပိုင်းမှာ ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

မဆုနှင်းထက်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အမှုဆောင်တွေထဲမှာ ပထမဆုံး အဖမ်းခံလိုက်ရတာလည်း ဖြစ်ပါတယ်။

5 mins Ago
Up