close

အလက (၂) ကျောင်းရှေ့

close

June 14, 2021

ရေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့ ပစ်ခတ်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့မှာ ဇွန် ၁၄ ရက် ညနေ ကျောင်းဆင်းချိန်  အမည်မသိ ဆိုင်ကယ်သမားက သေနတ််နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ကျောင်းဆင်းချိန် ကလေးတွေကို ယာဉ်လမ်းရှင်းပေးနေသူ တဦးမှာ လက်မောင်းရှပ်ထိပြီးတော့ ကျန်တစ်ဦးက နားထင်ထိကာ သေဆုံးသွားခဲ့သလို  ကျန်တဦးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။  ပစ်ခတ်ခံရသူတွေဟာ ရပ်မိရပ်ဖတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ချက်ချင်းရောက်လာပြီးတော့ ကျောင်းရှေ့လမ်းတွေကိုပါ ပိတ်ဆို့ပြီး စစ်ဆေးနေပါတယ်။

အဆိုပါ ကျောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမည်မသိလူ  ၂ ဦးက ဆိုင်ကယ်စီးလာပြီး ဗုံး ၁ လုံး ပစ်ခတ်ခဲ့ပြီး အခုကျောင်းဆင်းချိန်မှာ ထပ်မံ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

12 hours Ago
Up