close

အလယ်အမေရိကန်နိုင်ငံ

close

October 11, 2022

အလယ်အမေရိကန်နိုင်ငံများတွင် မုန်တိုင်းဂျူလီယာကြောင့် သေဆုံးသူ ၂၅ ဦးအထိရှိလာ

မုန်တိုင်းဂျူလီယာကြောင့် အလယ်အမေရိကနိုင်ငံတွေမှာ သေဆုံးသူဦးရေဟာ အောက်တိုဘာ ၁၀ ရက်မှာ အနည်းဆုံး ၂၅ ဦးအထိ မြင့်တက်လာပြီး အယ်လ်ဆာဗေဒိုနဲ့ ဂွါတီမာလာနိုင်ငံတွေမှာ ထိခိုက်သေဆုံးသူအများစုရှိတယ်လို့ ရိုက်တာသတင်းဌာနက အောက်တိုဘာ ၁၁ ရက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းက အားပျော့သွားပေမဲ့ ဗဟိုအမေရိကနှင့် မက္ကဆီကိုတောင်ပိုင်းတို့မှာ မိုး သည်းသည်းထန်ထန် ရွာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်သား ငါးယောက် အပါအဝင် လူ ၁၀ ယောက် သေဆုံးပြီး လူပေါင်း ၁၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ အယ်လ်ဆာဗေဒိုအာဏာပိုင်တွေက ပြောပါတယ်။

ဂွါတီမာလာနိုင်ငံမှာတော့ မုန်တိုင်းကြောင့် အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်ကြားမှာ လူ ရှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရကာ  ရာနဲ့ချီ မုန်တိုင်းသင့်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

5 mins Ago
Up