close

အလုပ်တွဲလုပ်

close

September 30, 2021

ဂျပန်ခေါင်းဆောင်သစ်နှင့်အတူ အလုပ်တွဲလုပ်ရန် တရုတ် မျှော်လင့်

ဂျပန်ရဲ့ ခေါင်းဆောင်သစ်နဲ့အတူ အလုပ်တွဲလုပ်ဖို့ တရုတ်အစိုးရက မျှော်လင့်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။ 

ဂျပန်နိုင်ငံမှာ လက်ရှိအာဏာရပါတီက ဖူမိအိုခိရှိဒါ ကို ပါတီခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့အပြီး သူဟာ ရက်ပိုင်းအတွင်း ဝန်ကြီးချုပ် ဖြစ်လာမှာ သေချာသလောက် ရှိနေပါပြီ။

တရုတ်-ဂျပန် ဆက်ဆံရေးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ရေး အားပေးဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပေကျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ခိရှိဒါဟာ လူကြိုက်နည်းတဲ့ ဝန်ကြီးချုပ် ယိုရှိဟိဒဲငရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပြီး အောက်တိုဘာ ၄ ရက် ဂျပန်လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။

သူ့ရဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော်အတွင်း အမတ်နေရာ အများစုကို ရထားပါတယ်။

ခိရှိဒါက “နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ရင် ဂျပန်ဟာ အမေရိကန်နဲ့ တခြား စိတ်တူတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ တရုတ်လို အာဏာရှင်အစိုးရရဲ့ ခြေကုပ်တွေ တိုးလာတာကို ဆန့်ကျင်ပြီး ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားသင့်တယ်”လို့  ပြောပါတယ်။

10 mins Ago

April 27, 2020

နည်းပြမော်ရင်ဟိုနှင့် အလုပ်တွဲလုပ်ရတာ အထူးအခွင့်အရေးဟု လိုရစ်ပြော

နည်းပြမော်ရင်ဟိုနဲ့ အလုပ်တွဲလုပ်ရတာဟာ အထူးအခွင့်အရေးတခု ဖြစ်တယ်လို့ စပါးဂိုးသမား ဟူဂိုလိုရစ်က ပြောပါတယ်။  မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝတလျှောက်မှာ အငြင်းပွာဖွယ်ရေကိစ္စ ရပ်တွေ လုပ်ဆောင်ခဲ့ဖူးတာနဲ့ ပတ်သက်ပြီး ပြင်သစ်မီဒီယာ EuroSport မှာ လိုရစ်က ဖြေရှင်းခဲ့တာပါ။  မော်ရင်ဟိုဟာ ခန်းနားတဲ့ စရိုက်လက္ခဏာရှိသူဖြစ်ပြီး သူနဲ့ လေ့ကျင့်ရေးကွင်းမှာ နေ့စဉ် ပြောဆိုဆက်ဆံနေရတာဟာ အထူးအခွင့်အရေးတခု ဖြစ်တယ်လို့ လိုရစ်ကပြောပါတယ်။  မော်ရင်ဟိုဟာ နာမည်ကြီးကစားသမားတွေရှိတဲ့ ထိပ်တန်းသင်းတွေမှာလည်း နည်းပြခဲ့ပြီး  အတွေ့အကြုံကောင်းတွေရှိသလို ဆုဖလားအောင်မြင်မှုတွေလည်း ရယူနိုင်သူဖြစ်တယ်လို့ လိုရစ်က ချီးကျူးပါတယ်။  ကစားသမားတဦးအနေနဲ့ မော်ရင်ဟိုလို ထိပ်တန်းနည်းပြတဦးနဲ့ အလုပ်အတူတွဲလုပ်ရာတဟာ သင်ယူလေ့လာဖို့အတွက်လည်း အခွင့်အရေးအများကြီးရတယ်လို့ ဂိုးသမားလိုရစ်က ပြောပါတယ်။ 
1 year Ago
Up